အပစ်ရပ် အသွင်ပြောင်း ပြည်သူ့ စစ်တပ်ဖွဲ့များအား သုံးမျိုးသုံးစား ဖွဲ့ပေးမည်

Saturday, November 21, 2009 ·

ခိုင်လင်း | နယ်စပ်တွင် ရှိနေသည့် အပစ်ရပ် အဖွဲ့များအား နယ်ခြားစောင့် တပ်ရင်းများ ဖွဲ့ပေးမည် ဖြစ်သကဲ့သို့ နယ်စပ်နှင့် အလှမ်းဝေးသည့် အပစ်ရပ် အဖွဲ့များကို ပြည်သူ့ စစ်တပ်ဖွဲ့များ အဖြစ် လူအင်အား ပေါ်မူတည်၍ (၃) မျိုး ဖွဲ့စည်းရန်ရှိနေသည်။

ပြည်သူ့ စစ်တပ်ဖွဲ့များကို လူအင်အား အလိုက် သုံးမျိုးသုံးစား ခွဲခြားထား ကြောင်း၊ ပြည်သူ့စစ် တပ်ဖွဲ့ကြီးတွင် လူအင်အား(၉ဝ) ဖြင့် ဖွဲ့စည်းပြီး လူအင်အား (၆ဝ) ကို လက်နက်များတပ်ဆင်ပေးကာ ကျန်(၃ဝ) ကို အရံ အင်အား အဖြစ်လည်းကောင်း၊ ပြည်သူ့ စစ်တပ်ဖွဲ့ အလတ်အား လူအင်အား (၆ဝ) ဖြင့် ဖွဲ့ပေးမည် ဖြစ်ပြီး (၄ဝ) အား လက်နက် တပ်ဆင် ပေးကာ ကျန် (၂ဝ) အား အရံ အင်အားအဖြစ် လည်းကောင်း၊ ပြည်သူ့စစ် အဖွဲ့ငယ်ကို အင်အား (၃ဝ) ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လူအင်အား (၂ဝ) ကို လက်နက်တပ်ဆင်ကာ ကျန်(၁ဝ) ကို အရံ အင်အားအနေဖြင့် လည်းကောင်း ဖွဲ့စည်းသွားရန် ရှိသည်ဟု အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကချင် ကာကွယ်ရေး တပ်မတော် တို့ကျတော့ ပြည်သူ့စစ် အဖွဲ့ကြီးတွေ ဖွဲ့ခိုင်းနေတာပေါ့။ ကောင်းခါမှာအခြေစိုက်လို့ ကောင်းခါ ပြည်သူ့ စစ်ဆိုပြီး ဖွဲ့ဖို့ရှိတယ်၊ ကောင်းခါ (၁) ၊ ကောင်းခါ (၂) ဆိုပြီး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပေးသွားမယ်။ သူကတော့ ပြည်သူ့စစ် ဖွဲ့မယ်ဆိုပြိး သဘောတူထားပြီသား၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကတော့ အဲဒါကို ဆွေးနွေးနေတုန်းပဲ” ဟု ပြောသည်။

ယင်းသို့ ဖွဲ့စည်းရာတွင် အသက် (၅ဝ) ကျော်များပါ ပါဝင်နိုင်သကဲ့သို့ ခေါင်းဆောင်ပိုင်းများက တပ်ဖွဲ့ နာယက အနေဖြင့် တာဝန် ယူသွားရန်ရှိနေပြီး အဆိုပါ ပြည်သူ့စစ်အဖွဲ့များကို သက်ဆိုင်ရာ စစ်တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲသွားရန် ရှိသည်ဟု သိရသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-SESS) ခေါ် မိုင်းလားတပ်ဖွဲ့ကလည်း အဆိုပါ ပြည်သူ့စစ်အဖွဲ့ကဲ့သို့ မိမိတပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းသွားလိုကြောင်း ကမ်းလှမ်းထားပြီး နအဖဘက်ကမူ တပ်မတော် သားများနှင့် ရောနှော ဖွဲ့စည်းမည့် နယ်ခြားစောင့်တပ်ရင်းကိုသာ လက်ခံရန် ဖိအားပေးနေသည်။

အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း၊ ထိုင်းနယ်စပ် အနီး ကယားပြည်နယ်၊ အထူးဒေသ(၂)၊ ကလလတ အဖွဲ့အား နယ်ခြားစောင့် တပ်ရင်း(၂) ရင်းဖြင့် လည်းကောင်း၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက် ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ဝိုင်းမော်မြို့နယ်၊ ဂွေထူကျေးရွာ အခြေစိုက်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့အား အင်အား (၃ဝ) စီ ပါဝင်သည့် ကဝါးယန် ပြည်သူ့ တပ်ဖွဲ့နှင့် ဂွေထူပြည်သူ့စစ်အဖြစ် လည်းကောင်း မကြာသေးမီက မြန်မာစစ် အစိုးရက ဖွဲ့စည်း ပေးထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */