ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ရန် ခွင့်ပြုမိန့်ကျ

Thursday, November 12, 2009 ·

ကိုထွေး | ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ပြင်ဆင်ရန် ခွင့်ပြုမိန့်ကျပြီ ဖြစ်သဖြင့် ပြင်ဆင်ရေး အစီအစဉ်များကို လုပ်ဆောင်ရန် ညှိနှိုင်းကြောင်း ယနေ့ သွားရောက် တွေ့ဆုံသည့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်း က ပြောသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်က ရန်ကုန် အင်းလျားလိတ် ဟိုတယ်၌ အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
ယနေ့ နံနက် ၁၀နာရီမှ ၁၁နာရီ အထိ ၁ နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ဖို့ ခွင့်ပြုမိန့် ကျပြီလေ၊ အဲဒါနဲ့ ပြင်ဖို့ အစီအစဉ် လုပ်နိုင်ဖို့ သွားညှိတယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်ငန်းတွေကိုလည်း ညှိနှိုင်းတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန် ထောင်တွင်း၌ အမှု ရင်ဆိုင် နေရစဉ်ကပင် နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့ကြောင်း၊ အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလအတွင်း ၎င်း၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်း စုကြည်အား နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲ ခံခဲ့ရသောကြောင့် နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တနလာင်္နေ့က ဒေါ်အောင်ဆန်းစုကြည့်နှင့် ရှေ့နေ ၄ဦးတို့ တွေ့ဆုံရာ အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နှင့် တွေ့ဆုံခွင့်ရသည့် အပေါ်ကျေနပ်မှုရှိပြီး တွေ့ဆုံခွင့် ရရှိရန် ဆောင်ရွက်ပေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ရှေ့နေဖြစ်သူများမှ တဆင့် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းသို့ တွေ့ဆုံစဉ် ဦးဉာဏ်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်က အထူး တာဝန် တခုပေးခဲ့ကြောင်း၊ ယင်းကိစ္စကို ဆောင်ရွက် နေဆဲ ဖြစ်သည့် အတွက် အသေးစိတ် ပြောကြားလိုခြင်း မရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၇ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */