ရန်ပိုင် | ရခိုင် ပြည်နယ် ဘူးသီးတောင် မြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အဓိကရုဏ်း တခုဖြစ်ပွားခဲ့ရာ လူမှုရေးနှင့် ကျန်းမာရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အန်ဂျီအို အဖွဲ့တဖွဲ့ တိုက်ခိုက် ခံခဲ့ရ ကြောင်းသိရသည်။
ယင်းNGO အဖွဲ့မှာ ရန်ကုန် အခြေစိုက် (Aide Medical International – AMI) အဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းတွင် ငှက်ဖျား တိုက်ဖျက်ရေးနှင့် တခြားသော ဆေးဝါးများ ဖြန့်ဖြူးပေးသော အဖွဲ့ဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက် ခံရမှုကြောင့် အဆောက် အဦးမှာ အနည်းငယ် ပျက်စီး သွားသော်လည်း ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ တိုက်ခိုက်သည့် လူစုလူဝေးမှာ တဖြည်းဖြည်း များပြားလာသည့် အတွက် ထိုဒေသ အခြေစိုက် အမှတ် (၁၅ ) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှ စစ်တပ် ရောက်ရှိလာပြီး ထိန်းသိမ်း လိုက်နိုင်သောကြောင့် အခြေအနေ အေးဆေး ငြိမ်သက် သွားပြီဟု အဆိုပါ AMI ရုံးမှ တာဝန်ခံ တဦးက ပြောသည်။
ထိုသို့ ဖြစ်ပွားရခြင်းမှာ AMI အဖွဲ့တွင် အလုပ်လုပ် နေသည့် ရိုဟင်ဂျာ အမျိုးသားတဦးနှင့် ရခိုင် အမျိုးသမီးတဦး ရည်ငံနေ သောကြောင့် ဟူ၍၎င်း၊ ထိုရိုဟင်ဂျာ အမျိုးသားမှ နေပြီး ကိုယ်ထိ လက်ရောက် စော်ကား သောကြောင့်၎င်း စတင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု သတင်း အမျိုးမျိုး ထွက်ပေါ် နေသော်လည်း အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
လွန်ခဲ့သည့် ၅ လခန့်က တွေ့ရသည့် ရခိုင်ပြည်နယ်ရှိ ငှက်ဖျားရောဂါ အထူးကု ဆေးခန်းတခု (ဓာတ်ပုံ - Getty Images) |
တိုက်ခိုက် ခံရမှုကြောင့် အဆောက် အဦးမှာ အနည်းငယ် ပျက်စီး သွားသော်လည်း ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ တိုက်ခိုက်သည့် လူစုလူဝေးမှာ တဖြည်းဖြည်း များပြားလာသည့် အတွက် ထိုဒေသ အခြေစိုက် အမှတ် (၁၅ ) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှ စစ်တပ် ရောက်ရှိလာပြီး ထိန်းသိမ်း လိုက်နိုင်သောကြောင့် အခြေအနေ အေးဆေး ငြိမ်သက် သွားပြီဟု အဆိုပါ AMI ရုံးမှ တာဝန်ခံ တဦးက ပြောသည်။
ထိုသို့ ဖြစ်ပွားရခြင်းမှာ AMI အဖွဲ့တွင် အလုပ်လုပ် နေသည့် ရိုဟင်ဂျာ အမျိုးသားတဦးနှင့် ရခိုင် အမျိုးသမီးတဦး ရည်ငံနေ သောကြောင့် ဟူ၍၎င်း၊ ထိုရိုဟင်ဂျာ အမျိုးသားမှ နေပြီး ကိုယ်ထိ လက်ရောက် စော်ကား သောကြောင့်၎င်း စတင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု သတင်း အမျိုးမျိုး ထွက်ပေါ် နေသော်လည်း အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ဒေသခံ တဦးက“ရခိုင် လူငယ်တွေ အများကြီး ရောက်လာပြီး အန်ဂျီအို အဖွဲ့အဆောက် အဦးကို ခဲနဲ့ ပေါက်တယ်၊ ကားမှန် တွေကို ရိုက်ခွဲတယ်”ဟုဆိုသည်။
အဆိုပါ အဓိကရုဏ်းတွင် လူ ၃၀၀ ခန့် ပါဝင်သည်ဟုလည်း ၎င်းဒေသခံကပြောသည်။
ယနေ့ နေ့လယ်ပိုင်းက ယင်းအဓိကရုဏ်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တွင် NGO အဖွဲ့များနှင့် ကုလသမဂ္ဂ အေဂျင်စီအဖွဲ့များတွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ရိုဟင်ဂျာဒုက္ခသည်များအားကူညီရန်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် NGO အဖွဲ့အစည်းအများအပြားရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
ထိုအဖွဲ့များတွင် ဒေသခံ ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများဝင်ရောက်၍ အလုပ်လုပ်ကိုင်နေကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် အဆိုပါလူမှုရေးကိစ္စများမှစတင်ပြီး လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မကြာခဏဖြစ်ပွားခဲ့ဖူးသည်။
ဘူးသီးတောင် ဒေသတွင် ဒေသခံ ရခိုင်လူမျိုး များသည် ရိုဟင်ဂျာများကို မူလ ကတည်းက ရှိခဲ့သည့် လူမျိုးဟု မသတ်မှတ်ဘဲ တဘက် နိုင်ငံမှ ၀င်ရောက် လာသည့် လူမျိုးများဟု ယူဆထားကြသည်။ ရခိုင်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ရိုဟင်ဂျာများမှာ အစ္စလမ်ဘာသာကို ကိုးကွယ်သူများဖြစ်ကြောင်း သိရသည်။
မကြသေးမီ ကလည်း ယင်းနယ်စပ် တလျောက် မြန်မာနိုင်ငံဘက်မှ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှု၊ တိုင်းရင်းသား လက်နက် ကိုင်များ ၀င်ရောက်မှုကို ကာကွယ်ရန်ဟု အကြောင်းပြချက်ဖြင့် ခြံစည်းရိုးကာရံခဲ့သည့် အတွက်ကြောင့် နှစ်နိုင်ငံကြား စစ်ရေး တင်းမာမှုများ ရှိခဲ့သည်။
source by : ဧရာဝတီ

0 comments:
Post a Comment