အခြေခံဥပဒေကြောင့် ပြည်တွင်းစစ် ထပ်မဖြစ်လိုဟု မွန်ပြည်သစ် ပြောကြား

Saturday, October 24, 2009 ·

ဝီရ ၊ တိုင်းရင်းသားတို့၏ အခွင့်အရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအင်အားစုအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးမှု စတင်ပေးရန် မွန်ပြည်သစ်က တောင်းဆိုလိုက်သည်။

မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ဗဟိုအလုပ်မှုဆောင်တဦးက နအဖစစ်အစိုးရက တဖက်သတ် ရေးဆွဲအတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပြည်တွင်းစစ်မီး ထပ်မံဖြစ်ပွားလာနိုင်သည်ဟု ယူဆသည့်အတွက် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။


၎င်းက “မြန်မာပြည်ရဲ့ ပြည်တွင်းစစ်က အခြေခံဥပဒေကြောင့် စတင်ခဲ့တာ။ ဒီပြည်တွင်းစစ်ကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံဥပဒေကို ပြင်ဖို့ အရင်စတွေ့ဆုံပါ။ ဒီလိုနည်းလမ်းကောင်းတွေ ရှိရဲ့သားနဲ့ နအဖက ကိုယ်ဖြစ်ချင်တာပဲ အတင်းဆက်လုပ်နေရင် ပြည်တွင်းစစ် တဖန်ပြန်ဖြစ်လာဖို့ပဲ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် အခြေခံဥပဒေ ပြင်ဆင်သုံးသပ်ခြင်းမပြုဘဲ ရွေးကောက်ပွဲ ဝင်ရောက်ရန်နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စဉ်းစားမည်မဟုတ်ကြောင်း မွန်ပြည်သစ်က ကြေညာထားသည်။

မွန်ပြည်သစ်၏ နောက်ဆုံးတင်ပြချက်ကို သြဂုတ်လ (၅) ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) သို့ ပေးပို့ခဲ့ပြီးနောက် သြဂုတ်လ (၂၈) ရက်တွင် ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။

“မွန်ပြည်သစ်ဟာ ဦးနုအစိုးရထံ လက်နက်အပ်လိုက်တဲ့ မွန်ပြည်သစ်တပ်ဦးရဲ့ ခေါင်းဆောင်အများကြီးထဲက လက်နက်အပ်တဲ့ အထဲ မပါတဲ့ ခေါင်းဆောင်တဦးတည်းနဲ့ ပါတီကို စတင်ခဲ့တာပါ။ အခုမြင်သာတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တစုံတရာ မရသေးသရွေ့တော့ ပါတီက လက်နက်အပ်တာတို့၊ တပ်အသွင်ပြောင်းတာတို့ကို လိုက်လျောမှာ မဟုတ်ဘူး။ လက်နက်သာ မရှိတော့ရင် ရသင့်တဲ့အခွင့်အရေးတွေအတွက် ဘယ်သူက အာမခံဦးမှာလဲ” ဟု အဆိုပါ မွန်ပြည်သစ်ဗဟိုအလုပ်မှုဆောင် ဖြစ်သူက ပြောကြားသည်။

ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသားအပစ်ရပ်အဖွဲ့တို့၏ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီး စစ်အစိုးရ တပ်မတော်လက်အောက် အတင်းအဓမ္မ အသွင်ပြောင်းနေသည့် မြန်မာစစ်အစိုးရ၏ လုပ်ရပ်နှင့်ပတ်သက်၍လည်း ပြေလည်အောင် ညှိနှိုင်းရန်လိုသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“နယ်ခြားစောင့်တပ်ပြောင်းဖို့ ကမ်းလှမ်းချက်က ပြေလည်အောင် အရင်ညှိနှိုင်းဆွေးနွေးနိုင်ခြင်း မရှိသေးတဲ့ အမျိုးသား အခွင့်အရေးပြဿနာတွေအတွက် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုရာ ရောက်တယ်။ ဒါကြောင့် ကျနော်တို့က နယ်ခြားစောင့်တပ်ပြောင်းဖို့ကိစ္စကို လက်မခံတာ။ ဒါပေမယ့် ပါတီအနေနဲ့က ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းသွားချင်ပါတယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ (၁၄) နှစ်ကျော် ကြာမြင့်ပြီဖြစ်သော်လည်း စစ်အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာခြင်း မရှိသေးပေ။


source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */