အဝေးသင် အနီးကပ်သင်တန်း တက်သူမရှိ

Saturday, October 24, 2009 ·

အောင်ကျော်မိုး ၊ နှစ်စဉ် အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေကာနီးအချိန် (၁ဝ) ရက်ကို အနီးကပ်သင်တန်းများပို့ချရန် သတ်မှတ်ထားရာ တက်သည့် ကျောင်းသားကျောင်းသူ မရှိသလောက် နည်းပါးကြောင်း စာမေးပွဲဖြေမည့် ကျောင်းသားများက ပြောသည်။

ဒဂုံတက္ကသိုလ်တွင် အဝေးသင်တက္ကသိုလ် ဥပဒေဘာသာတွဲ ဒုတိယနှစ် ဖြေဆိုမည့်ကျောင်းသူတဦးက “အနီးကပ် သင်တန်းတက်ဖို့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဒဂုံတက္ကသိုလ်ကို သွားခဲ့တယ်။ အတန်းထဲမှာ လူမရှိလို့ ပြန်ခဲ့ရတယ်။ ဒီနေ့ (၂၃) ရက်မှာလည်း ကျောင်းကိုသွားတာ အတန်းထဲမှာ တယောက်မှ မရှိဘူး။ ဒီတော့ အဝေးကြီးသွားပြီးမှ ပြန်လာခဲ့ရတယ်” ဟု ပြောသည်။


ကျောင်းသူကျောင်းသားများ၏ ပြောပြချက်အရ အဝေးသင်တက္ကသိုလ် တက်သူများသည် တနှစ်ကို စာစဉ် (၂) ကြိမ် ဖြေရပြီး စာစဉ်ဖြေဆိုရာတွင် ပြင်ပက ထုတ်ထားသည့် အဖြေစာအုပ်များထဲမှ ဖြေပြီးသားများကို ကိုယ့်လက်ရေးဖြင့်ကူးရေး ပို့ပေးခြင်းဖြစ်ကြောင်း၊ အချို့မှာ ကိုယ့်လက်ရေးဖြင့်ပင် မကူးဘဲ အခြားသူကို ကူးခိုင်းခြင်းမျိုးရှိကြောင်း၊ တနှစ်တကြိမ် စာမေးပွဲဖြေရပြီး စာမေးပွဲမဖြေခင် အနီးကပ်သင်တန်းအဖြစ် သက်ဆိုင်ရာတက္ကသိုလ်တို့တွင် (၁ဝ) ရက်ပို့ချကြောင်း သိရသည်။

ထို့အပြင် ကျောင်းသူကျောင်းသားအတော်များများသည် အဝေးသင်စာမေးပွဲအဖြေလွှာများကို စစ်ဆေးမည့်ဆရာ ဆရာမများထံ၌ အနီးကပ် အပြတ်ကျူရှင်ဆိုပြီး တဦး ကျပ် (၅) သောင်းဖြင့် ခုံနံပါတ်ပေးရကာ ဆရာဆရာမများက ဖြေရမည့် မေးခွန်းများကို ပေးသည့်အတွက် အချို့ကျောင်းသူကျောင်းသားများက ကျက်မှတ်ပြီး သွားဖြေသကဲ့သို့ အချို့မှာမူ ကူးချကြကြောင်း၊ အချိန်တန်ပါက အောင်သွားကြကာ ဘွဲ့ရသွားကြကြောင်း ကျောင်းသားများက ပြောသည်။

အစိုးရသည် အဝေးသင်တက္ကသိုလ်ကို နာမည်ခံမျှသာလုပ်ပြီး ပြီးစလွယ် ဘွဲ့ပေးနေခြင်းဖြစ်ကြောင်း၊ အဝေးသင်တက္ကသိုလ် စာမေးပွဲအောင် မအောင်ဆိုသည်မှာ အစိုးရအပေါ်သာ မူတည်ကြောင်း မဟာဗန္ဓုလလမ်းတွင် ကျူရှင်ဖွင့်ထားသည့် ဝါရင့်ကျူရှင်ဆရာတဦးက ပြောသည်။

၎င်းက “ကျောင်းသူကျောင်းသားတွေက တက္ကသိုလ်ပဲတက်တက်၊ အဝေးသင်ပဲတက်တက် စာလည်းမတတ်။ ဘွဲ့ရတာတော့ အတူတူဆိုတော့ အဝေးသင်ပဲ တက်မယ်၊ နေ့တက္ကသိုလ်မတက်ဘဲ လုပ်ခဲ့လို့ အချို့နှစ်တွေမှာ နေ့တက္ကသိုလ် ဝင်ခွင့်လျှောက်ထားသူ အလွန်နည်းသွားတဲ့ နှစ်ရှိတယ်။ ဒီအခါ အစိုးရက အဝေးသင်တွေကို စာမေးပွဲမှာ ခပ်များများ ကျရှုံးအောင်လုပ်ပြီး ကျောင်းသူကျောင်းသားတွေကို နေ့တက္ကသိုလ် ပြန်တက်အောင် လုပ်ခဲ့တယ်” ဟု ပြောသည်။

လက်ရှိ အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်ကမူ ၎င်းတို့၏ အဝေးသင်တက္ကသိုလ် သင်ရိုးညွှန်းတန်းများသည် နိုင်ငံတကာ အဆင့်မီကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများသာမက ကမ္ဘာ့အဆင့်မီရန်လည်း ဖြည့်စွက်ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ရန်ကုန်အဝေးသင်တက္ကသိုလ် (၁ဝ၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောဆိုသည်။ အဆိုပါအခမ်းအနားတွင် ဥပဒေဘွဲ့ရသူ (၃၅၇) ဦး အပါအဝင် စုစုပေါင်း (၈၆၂) ဦး ဘွဲ့ယူခဲ့ကြသည်။

အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများသည် ယခုနှစ်စာမေးပွဲကို လာမည့်အောက်တိုဘာ (၂၇) ရက်တွင် စတင်ဖြေဆိုကြရမည်။


source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */