ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံ တရား ရုံးချုပ်သို့ တင်မည်

Friday, October 16, 2009 ·

ကိုထွေး | မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရှေ့နေများနှင့် ယနေ့ နေ့လယ်က တွေ့ဆုံ၍ သူ၏ အမှုအတွက် အယူခံလွှာကို ဗဟို တရားရုံးချုပ်သို့ တင်နိုင်ရေး နှင့် ပတ်သက်၍ ဆွေးနွေး ကြသည်။

ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ပြီး ၁ နာရီ ၁၅ မိနစ်ကြာ စကား ပြောဆိုခွင့် ရခဲ့ခြင်း ဖြစ်သည်။

“အဓိက ကတော့ တရား ရုံးချုပ်မှာ ပြင်ဆင်မှု တင်ဖို့ ကိစ္စတွေကို ဆွေးနွေး ကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက်ကို မရရှိသေး သဖြင့် အယူခံလွှာတွင် ပါဝင်မည့် အချက်အလက် များနှင့် ပတ်သက်၍ ပြောဆိုရန် မဖြစ်နိုင် သေးကြောင်း၊ အယူခံလွှာ ရေးသား ပြီးစီးသွားပါက ဒေါ်အောင်ဆန်းစုကြည် နှင့် ထပ်မံ တွေ့ဆုံရန် မျှော်လင့်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးသို့ တင်ရာ ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် အယူခံဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယနေ့ တွေ့ဆုံရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီကာလအတွင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုများနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်၊ သံတမန်တွေနဲ့ တွေ့တဲ့ အခြေအနေတွေကို ပြောပြပါတယ်၊ ဒါပေမယ့်လို ဒီအချက်အလက် တွေက ကျနော်တို့ သိအောင် ပြောခြင်းဖြစ်ပါတယ်၊ လောလောဆယ်တော့ ဒီတွေ့ဆုံမှုတွေက ဘာတွေလဲလို့ သတင်းတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး” ဟု NLD ပြောခွင့်ရပုဂ္ဂိလ်တဦးလည်း ဖြစ်သည့် ရှေ့နေဦးဉာဏ်ဝင်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ရာ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ ထားမှုများ ရုပ်သိမ်းရေး အတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် လိုကြောင်း၊ အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး သိရှိ နားလည်စေရေး အတွက် အနောက် နိုင်ငံ သံတမန် ၃ ဦးနှင့် တွေ့ဆုံခွင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ညှိနှိုင်းခွင့် ပြုရန် ရေးသား တောင်းဆိုထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */