လောက်ကိုင်မြို့တွင် (၁၀) လုံးထက်မနည်း ဗုံးများ ဆက်တိုက်ပေါက်ကွဲ

Monday, October 26, 2009 ·


ခိုင်လင်း ၊ ယခုလ (၂၄) ရက်နေ့ ညပိုင်းက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံး (၁၀) လုံးထက်မနည်း ဆက်တိုက်ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် လောက်ကိုင်မြို့ပေါ်အပါအဝင် နေရာအနှံ့တွင် ဖြစ်ပွားခဲ့ပြီး ကိုးကန့်ရုပ်မြင်သံကြားထုတ်လွှင့်နေသည့် အဆောက်အဦနှင့် လက်ကျန် ကိုးကန့်တပ်ဖွဲ့၏ ဥက္ကဋ္ဌတာဝန်ယူထားသူ ပိုင်စုံချိန်၏ လောင်းကစားရုံတို့တွင် ဆိုးဆိုးဝါးဝါး ပေါက်ကွဲခဲ့ပြီး လူအသေအပျောက်များ ရှိခဲ့သည်ဟု လက်ရှိ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်နယ်စပ်ဒေသခံတဦးက ပြောသည်။


၎င်းက “တီဗွီလွှင့်တဲ့ဌာန အဆောက်အဦကြီးကတော့ ပြိုကျသွားတယ်။ အခု ကိုကန့်အဖွဲ့ဥက္ကဋ္ဌ ပိုင်စုံချိန်ရဲ့ လောင်းကစားရုံလည်း အတော်လေးပျက်သွားတယ်။ အထိအခိုက်တွေတော့ရှိတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်းကတည်းကစ၍ ကိုးကန့်ဒေသတခုလုံးတွင် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်အချို့၊ တပ်မ (၃၃) လက်အောက်ခံတပ်အချို့၊ သိန်းနီအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်နေပြီး လက်နက်ပုန်းများ မြေလှန်ဖော်ထုတ်နေချိန်တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားမှုသည် ကိုးကန့်ဒေသ တည်ငြိမ်မှုမရှိသေးကြောင်း ပြသနေခြင်းပင်ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ပိုင်စုံချိန်က ဖုန်လောက် သြဇာမရှိဘူး။ အခု ဖွဲ့လိုက်တဲ့ ကိုးကန့်ရုပ်သေးအဖွဲ့ထဲမှာတောင် ကွဲနေတာ။ ပိုင်စုံချိန်က တဖွဲ့၊ မင့်ရွှေချန်းက တဖွဲ့၊ ဝေစန်းက တဖွဲ့၊ တပ်သားတွေလည်း အပြိုင်အဆိုင်စုနေတာ။ ပိုင်စံချိန်ရဲ့ လောင်းကစားဝိုင်းကိုလည်း ချတယ်ဆိုတာ နည်းနည်းတော့ စဉ်းစားစရာ ရှိတယ်။ ခန့်မှန်းရတော့ ခက်တယ်။ ဖုန်အဖွဲ့တို့ထက် သူတို့ထဲက လူတွေ အချင်းချင်းလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကိုးကန့်ဒေသအတွင်း ဒေသမတည်မငြိမ် ဖြစ်ပ်ါလာခြင်းသည် နိုင်ငံရေးအရ မကောင်းသော်လည်း ဒေသတခုလုံးကို နအဖ ဆက်လက်ထိန်းထားနိုင်ပြီး သူ့အတွက် အကျိုးအမြတ်သာဖြစ်စေသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန် ဦးဆောင်သည့်အဖွဲ့က ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကြားရှင်ထံမှ အာဏာသိမ်းရန် ကြိုးစားခဲ့ပြီး လောက်ကိုင်ဒေသအတွင်း နအဖတပ်များ ဝင်ရောက်ရာမှ အစပြု၍ ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင် ဦးဆောင်သည့်အဖွဲ့ ကိုးကန့်ဒေသမှ ဆုတ်ခွာခဲ့ရပြီးနောက်ပိုင်းတွင် ပိုင်စုံချိန် ဦးစီးပြီး ကိုးကန့်တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။


source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */