စာရေးဆရာ နီကိုရဲ ကွယ်လွန်

Monday, October 26, 2009 ·


မျိုးချစ်သူ ၊ ယခုလ (၂၄) ရက်နေ့ နံနက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လုမ္ဗနီအထူးကု ဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည့် နိုင်ငံကျော်စာရေးဆရာ နီကိုရဲ၏ဈာပနကို အောက်တိုဘာ (၂၈) ရက် နေ့လယ် (၂) နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မနိုင်နိုင်ဝင်းက ပြောသည်။

နီကိုရဲသည် ၁၉၉၇ ခုနှစ် ၀န်းကျင်က ၎င်း၏ပထမဦးဆုံး လုံးချင်းဝတ္ထုဖြစ်သော မကြည်ပြာဝတ္ထုကို စတင်ရေးသားခဲ့ပြီး ကလောင်တမျိုးတည်းဖြင့် ၀တ္ထု၊ ကဗျာ၊ ဇာတ်ညွှန်းတို့ကို သေဆုံးသည်ထိ ရေးသားခဲ့သူတဦးဖြစ်သည်။

၎င်း၏နောက်ဆုံးလက်ရာဖြစ်သော ( ဘ…နာ ) လုံးချင်းဝတ္ထုကို ကြောင်နှစ်ကောင်စာပေမှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေခဲ့သည်။

“ဒီလိုလူကတော့ ရှာမှရှားဗျ။ ဒီဘက်ခေတ်မှာ အောင်မြင်တဲ့စာရေးဆရာတွေ နည်းလာတယ်၊ လူငယ်စာရေးဆရာလို့ပြောရမယ့် တာရာမင်းဝေတို့၊ နီကိုရဲတို့၊ မင်းခိုက်စိုးစန်တို့ဟာ လူကြီးလူငယ်တွေအားလုံး ကြိုက်တဲ့စာရေးဆရာတွေပေါ့။ ပြောရရင် တာရာမင်းဝေနဲ့ နီကိုရဲကတော့ သေတာကလည်း ငယ်ရွယ်စဉ်မှာဆိုတော့ ကျနော်တို့အနေနဲ့ နှမြောတာတော့အမှန်ပဲဗျ” ဟု ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။

နီကိုရဲ ရေးသားထုတ်ဝေခဲ့သော လုံးချင်းဝတ္ထုအုပ်ရေ (၃၀) ကျော်ခန့်ရှိပြီး ဇာတ်ညွှန်းရေးသားမှုများနှင့်ဆိုလျှင် စုစုပေါင်း (၁၀၀) ၀န်းကျင်ခန့်ရှိမည်ဖြစ်ကြောင်း ဒီဇိုင်းဆရာ မျိုးဆွေသန်းက ပြောသည်။

“ကျနော်က တာရာမင်းဝေနဲ့ နီကိုရဲကို ရင်းနှီးကျွမ်းဝင်သလို သူတို့ကိုလည်း လေးစားတယ်။ သူတို့ ဆုံးသွားပြီဆိုပြန်တော့ စိတ်မကောင်းစရာပေါ့ဗျာ” ၎င်းက ပြောသည်။

နီကိုရဲ၏ အအောင်မြင်ဆုံးစာအုပ်များမှာ မကြည်ပြာ အပါအ၀င် သကြားနဲ့အသူရာ၊ နှလုံးသားထဲကြွက်ဝင်နေသည်၊ စိတ်အိုင်ပက်သူ တို့ဖြစ်ကြောင်း ကြောင်နှစ်ကောင်စာပေက ပြောကြားသည်။

၎င်း၏ဇာတ်ညွှန်းများအား ရုပ်ရှင်အဖြစ်ဖန်တီးရာတွင် ကြည်ပြာရောင်နဂ္ဂတစ်များ ရုပ်ရှင်ဇာတ်ကားမှာ မြန်မာတနိုင်ငံလုံး အောင်မြင်ခဲ့သော ဇာတ်ကားဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက ပြောသည်။

စာရေးဆရာမတဦးကလည်း “သူက ပျော်ပျော်ပါးပါးနေတတ်တယ်၊ စိတ်ကောင်းရှိတယ်၊ သူတပါးကို အကူအညီပေးတတ်တယ်၊ ပြီးတော့ အတွေးအခေါ်ကောင်းတယ်၊ သူကွယ်လွန်တာဟာ ကျမတို့ စာပေလောကအတွက်တော့ ဆုံးရှုံးမှုတခုပဲ”ဟု ပြောသည်။
နီကိုရဲ၏အမည်ရင်းမှာ ကိုရဲဝင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၄၃) နှစ်ရှိပြီဖြစ်ပြီး ဇနီး မနိုင်နိုင်ဝင်းနှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။


source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */