အခြား နိုင်ငံများနှင့် စာလျှင် မြန်မာ ခလေးငယ်များ လူကုန်ကူး ခံမှုက ပိုမို ဆိုရွား

Friday, October 16, 2009 ·

နွယ်လေး | လက်တင် အမေရိက၊ အရှေ့ဥရောပ နှင့် အာရှတိုက်ရှိ နိုင်ငံ ၁၅ နိုင်ငံ အနက် မြန်မာနိုင်ငံမှ ကလေးငယ်များ လူ ကုန်ကူးခံမှုအခြေအနေသည် အဆိုးရွားဆုံး ဖြစ်နေသည် ဟု လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့(မြန်မာနိုင်ငံ)HRE IB ဒါရိုက်တာ ဦးအောင်မျိုးက ပြောသည်။

ဦးအောင်မျိုးမင်း က ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် တပတ်ကြာ ကျင်းပ ခဲ့သည့် တိုက်ကြီး သုံးတိုက် နိုင်ငံ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်သော ကလေး ကူးသန်း ရောင်းဝယ်မှု ပပျောက်ရေး ညီလာခံအပြီးတွင် ယခုလို ပြောဆို လိုက်ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ကလေး ကူးသန်း ရောင်းဝယ်မှု တားဆီးသည့် ဥပဒေ ပြဌာန်း ထားသော်လည်း အကျင့်ပျက် လာဘ်စား မှုများကြောင့် ထိရောက်မှု မရှိသည့် အပြင် စစ်အစိုးရ ကိုယ်တိုင် NGO’s များနှင့် ပူးပေါင်း ဆောင်ရွက်သည့် အစဉ်အလာ မရှိသဖြင့် ပိုမို ဆိုးရွား နေရခြင်း ဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“မြန်မာအခြေနေဟာ အခြားတိုင်းပြည်နဲ့ မတူလို့ ဖြေရှင်းရခက်နေတယ်။ အခြားမှာဆို အစိုးရ တွေက အစိုးရ မဟုတ်တဲ့ အဖွဲ့စည်းကို ခွင့်ပြုတာ ရှိတယ်။ အစိုးရ ကိုယ်တိုင်က ဒီဟာကို အမျိုးသား စီမံချက်၊ နိုင်ငံတော် စီမံချက် အဖြစ်သတ်မှတ်ပြီး အကောင်ထည်ဖော် ဆောင်ရွက်တယ်။ မြန်မာမှာ အစိုးရကိုယ် တိုင်က မလုပ်နိုင်ဘူး။ လုပ်ဖို့ ၀ိုင်းဝန်း ကူညီတဲ့ အဖွဲ့စည်းကိုလဲ သံသယ မျက်လုံးနဲ့ အမြဲ စောင့်ကြည့် တယ်။ လုပ်ရင်လဲ ပေါ်လစီနဲ့ ညှိသွားမယ် အဲလို စိုးရိမ် ကန့်သတ်မှု ရှိလို့ လုပ်သင့် သလောက် မလုပ် နိုင်ဘူး။”

အဆိုပါ အစည်းဝေးတွင် ကလေး ကူးသန်း ရောင်းဝယ်မှု ပပျောက်ရေး အပြင် ယင်းနှင့် ဆက်စပ်သည့် ခရီးသွား လုပ်ငန်း၊ ရွှေ့ပြောင်း နေထိုင်သည့် အလုပ်သမား ကလေးများ အရေးနှင့် ကူးသန်း ရောင်းဝယ် ခံရသည့် ကလေးငယ် များအား မူရင်းနိုင်ငံသို ပြန်မပို့မီ ရောက်ရှိရာ နိုင်ငံများတွင် နေရာ ချထားရေး ကိုပါ တိုးချဲ့သွားရန် ဆုံးဖြတ် ခဲ့သည်။

ဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမား များ၏ ခလေးများသည် ထိုင်းနှင့် မြန်မာ အစိုးရတို့၏ အကာကွယ်ပေးမှု အောက်တွင် မရှိသဖြင့် လူကုန် ကူးသူ တို့တို့ အဓိက ပစ်မှတ် ဖြစ်လာသည် ဟု ဦးအောင်မျိုးမင်း က ခုလို ဆက် ပြောသည်၊

“မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးတွေက စီးပွားရေးကျပ်တည်းမှု၊ ပညာရေးနိမ့်ကျမှု အလုပ် အကိုင် ရှား ပါးမှု ကြောင့်ကလေး အလုပ်သမားအဖြစ်ကူးသန်းရောင်းဝယ် ခံနေရတယ်။ မြန်မာပြည်ကနေ ထိုင်း နိုင်ငံကို ဒုက္ခသည် အဖြစ် ထွက်လာတဲ့ ကလေးတွေ၊ ရွှေ့ပြောင်း အလုပ်သမားရဲ့ ကလေးတွေဟာ သာမန် အခြေအနေထက် စာရင် ပိုပြီးတော့ ကူးသန်း ရောင်းဝယ် ခံရနေတယ်။”

အဆိုပါအစည်းဝေးကို (၁၀)ရက်နေ့မှ( ၁၆ )ရက်နေ့ အထိ ပြုလုပ်ခြင်း ဖြစ်ပြီး မတူညီသည့် ဒေသများမှ အဖွဲ့အစည်း များက ၄င်းတို့ သုံးနှစ်တာ ကာလ ဆောင်ရွက် ခဲ့ကြသည့် လုပ်ငန်း အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ခဲ့ ကြပြီးကလေး ကူးသန်း ရောင်းဝယ်မှု ပပျောက်ရေး အတွက် ငါးနှစ်ထပ်မံ ပူးပေါင်း ဆောင်ရွက်သွားရန် သဘော တူညီခဲ့သည်။

source by : သတင်း နှင့် မီဒီယာကွန်ယက်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */