KNU တပ်မဟာ ၆ ကို ပူးပေါင်းတပ် ထိုးစစ်ဆင်မည်

Saturday, August 01, 2009 ·


မဇ္ဈိမသတင်းဌာန

နအဖစစ်တပ်နှင့် DKBA ပူးပေါင်းတပ်များသည် KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန်အတွက် နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်များ အပါအဝင် တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားနယ်မြေအတွင်း နအဖ တပ်မ ၂၂ နှင့် ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်း၊ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA တပ်သား ၁၂၀ တို့နှင်အတူ ဝင်ရောက်လာကာ ထိုးစစ်အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

“သူတို့ လှုပ်ရှားမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့က မိုးတွင်းထိုးစစ်တွေ လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတော့ တကယ်လို့ အဲလိုမျိုး ထူးထူးခြားခြား လှုပ်ရှားလာတယ်ဆိုလို့ရှိရင် အကြီးအကျယ် မဟုတ်တောင်မှ တချို့ သူတို့ Target ထားတဲ့ နေရာတွေတချို့ကိုတော့ မွှေနိုင်တဲ့ သဘောတော့ ရှိပါတယ်” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။

မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးတွင်းနှင့် လျော်ညီသည့် အနေအထားများဖြင့် လွန်ခဲ့သည့် တလခန့်ကပင် KNU က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။


ဗိုလ်မှူးစောလှငွေက ဆက်ပြီး “တပ်မဟာ (၇) မှာ သူတို့ဝင်သွားတဲ့ နေရာတွေကျတော့ ကျနော်တို့ အသေယူထားတဲ့ နေရာတွေ ဖြစ်တဲ့အခါကျတော့ ကျနော်တို့ လုပ်ရကိုင်ရတာ ခက်ခဲပြီးတော့ ထိုင်းနယ်စပ်နဲ့လည်း ကျောချင်းကပ်တာကိုး။ အခုဖြစ်တဲ့နေရာတွေက ကျနော်တို့ရဲ့ လှုပ်ရှားဂွင်နယ်မြေဆိုတော့။ နောက်ပြီး အဲဒီမှာ စခန်းသေမရှိဘူးလေ။ သူတို့ အလွန်ဆုံးရမှာက ယာယီစခန်းတွေ ရှိတဲ့ဟာမျိုး သူတို့အဝင်ပြပြီးတော့ တဲဘယ်နှလုံး ဘာညာဆိုတဲ့ ဟာမျိုးတော့ ရှိကောင်းရှိနိုင်တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းမှ စတင်ခဲ့သော KNU တပ်မဟာ ၇ အတွင်း နအဖနှင့် DKBA ပူးတွဲစစ်ဆင်ရေးကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ကရင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ခန့် ဝင်ရောက် ခိုလှုံခဲ့ရပြီး ယခုအထိ ဌာနေများသို့ ပြန်သွားနိုင်ခြင်း မရှိသေးပေ။


source by :မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */