စိမ်းလဲ့ကန်သာ လူသတ်မှု ဆက်မလိုက်ရန် နအဖ ခေါင်းဆောင်များက ညွှန်ကြားထား

Monday, August 03, 2009 ·

မိုးမခအထောက်တော် | ပြီးခဲ့သည့် နှစ် ဖေဖေါ်ဝါရီလက မိသားစုလိုက် အသတ်ခံခဲ့ရသည့် ရန်ကုန်မြို့ စိမ်းလဲ့ ကန်သာလမ်း လူသတ်မှုနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းဖေါ်ထုတ်ခြင်း မပြုရန် နအဖ စစ်ခေါင်းဆောင်ပိုင်းမှ ညွှန်ကြား ထားကြောင်း ထိုအမှုနှင့် ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတဦးက ပြောဆိုသည်။

အဆိုပါ ရဲအရာရှိက ပြောဆိုရာတွင်

“ဖြစ်ခါစက ဒီအမှုက ရန်ကုန်မြို့က လူချမ်းသာ အလွှာကို တော်တော် တုန်လှုပ်သွားခဲ့တယ်။ နိုင်ငံတော်ဧည့်ဂေဟာနဲ့ ကပ်နေလျက်နဲ့ ဘာကြောင့် သေနတ်သံမကြားသလဲ ဆိုပြီး အဲဒီအနားက လုံခြုံရေးတွေလည်း အစစ်ခံရ၊ နောက် ရဲချုပ်ကိုတိုင် ဆင်းလာပြီး အခင်းဖြစ်တဲ့ အိမ်မှာ သေနတ်တောင် စမ်းပစ်ကြည့်ပြီး ပြင်ပက အသံကြားမကြား စစ်ဆေးခဲ့သေးတယ်။ သုံးထားတဲ့ ကျည်ဆံအပေါ် မူတည်ပြီး အဲဒီ သေနတ်အမျိုးအစား ကိုင်ဆောင်တဲ့သူ တွေအားလုံး ခေါ်မေးတာတွေ လုပ်ခဲ့တယ်၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အမှု ရုပ်လုံး ပေါ်လာချိန်မှာ အထက်က အမိန့်နဲ့ အမှုကို ဆက်မလိုက်တော့ဖို့ ညွှန်ကြားလာတယ်၊ ဘာကြောင့်လဲ ဆိုတာမသိပေမယ့် သဲလွန်စတွေက နအဖ ခေါင်းဆောင်ပိုင်းကို ညွှန်ပြနေ တာကြောင့်လို့ အားလုံး နားလည်လိုက်ကြတယ်” ဟုဆိုသည်။
ယမန်နှစ်ဆန်းက ဖြစ်ပျက်ခဲ့သည့် စိမ်းလဲ့ကန်သာလမ်း လူသတ်မှုတွင် တောင်ပိုင်စော်ဘွား၏ သားဖြစ်သူ ဦးချာလီ၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြနှင့် သမီးနှစ်ယောက်၊ အိမ်ဖေါ်တယောက် စုစုပေါင်း ၅ယောက်ရက်စက်စွာ အသတ်ခံခဲ့ရပြီး နေအိမ်မှ မီးခံသေတ္တာ ၁၀လုံးအနက် ၇လုံးမှ ရတနာနှင့် ဒေါ်လာငွေများ ယူဆောင်သွားခဲ့ပြီး သားမက်ဖြစ်သူ ဦးသုဇော်မှာ ၃လခန့်ခေါ်ယူ စစ်ဆေးခြင်းခံခဲ့ရသည်။ ဒေါ်စန်းစန်းမြမှာ ဖဆပလခတ်က မိုးကုတ်သူဌေး ဦးမြမောင်၏ သမီးဖြစ်ပြီး ရန်ကုန်မြို့၏ အချမ်းသာဆုံး စာရင်းဝင် မိသားစု တစုဖြစ်သည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးဖြစ်သူ မင်္ဂလာဆောင်တွင် ၀တ်ဆင်ထားသည့် လက်ဝတ် ရတနာ စိန်ထည် များမှာ အသတ်ခံရသူ ဒေါ်စန်းစန်းမြတို့၏ ပစ္စည်းဖြစ်ပြီး ဦးချာလီဒေါ်စန်းစန်းမြတို့က နအဖ ခေါင်းဆောင် သားသမီးများကို လက်ဝတ် ရတနာများ ငှားရမ်းပေးထားခဲ့သည်ဆိုသည် သတင်းများလည်း ရန်ကုန်မြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်နေခဲ့ပြီး ထို ဆက်ဆံရေးကြောင့် ရက်စက်စွာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယုံကြည်လျက်ရှိကြသည်။

ရင်းချာသည့် ဆွေမျိုးသားချင်းမကျန်ရှိပဲ သားမက်ဖြစ်သူ တဦးသာ ကျန်ရှိခဲ့ကာ နေအိမ်မှ ကျန်ရစ်ခဲ့သည့် တန်ဘိုးမနည်း လှသည့် ရတနာများနှင့် ငွေများကို ရဲဘက်မှ သိမ်းဆည်းသွားခဲ့သည်ဟုလည်း သိရှိရသည်။ ကျိကျိတက် ချမ်းသာသည့် မိသားစုမှာ သေဆုံးပြီးနောက် အလောင်းပြင်ရန် အ၀တ်အစားကို သူတို့ပိုင်ဆိုင်သည့် အိမ်မှ ယူခွင့်မရှိပဲ ဆွေမျိုးသားချင်းတွေက ဗိုလ်ချုပ်ဈေးမှ ခပ်ပေါပေါ အ၀တ်အစားကို ၀ယ်ယူပြီး ဆင်ပေးခဲ့ရသည်ဟုလည်း အသုဘတွင် သတင်းသွားယူခဲ့သည့် သတင်းထောက်တဦးကပြော ဆိုသည်။

ထိုအမှုနှင့် ပတ်သက်ပြီး ပြည်တွင်း ထုတ်ဝေသည့် သတင်းဂျာနယ်များတွင် ဖြစ်ပွားပြီးခါစတွင် အနည်းငယ် ဖေါ်ပြခဲ့ကြသော်လည်း နောက်ပိုင်း ဆက်လက်ရေးသားခြင်း မပြုရန် စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သည်။ ထိုနောက် ၃ လခန့်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် ရဲချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ခင်ရီက ထိုအမှုနှင့် ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားရာတွင် “ကျွန်တော်တို့ ခန့်မှန်းထားတာတွေရှိပါတယ်။ နီးစပ်နေပါပြီ” ဟုပြောဆိုခဲ့သော်လည်း ထိုနောက်မည်သည့် ထုတ်ပြန်ကြေငြာချက်မှ ပြုလုပ်သည်ကို မတွေ့ရှိရတော့ပေ။ ၂လ ၃လကြာပြီး အချိန်ထိ ခန့်မှန်းထားတာတွေ ရှိပါတယ်ဟု ဆိုခြင်းသည် စာဖတ်သူများ ကို ရယ်စရာ ဖြစ်စေခဲ့သည်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */