တပ်ပေါင်းစုသစ်က လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချမည်ဟု ကြေညာ

Thursday, August 27, 2009 ·

မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချသွားမည်ဟု ဒီမိုကရေစီ လိုလားသူ အတိုက်အခံအဖွဲ့ပေါင်း တရာကျော်ပါဝင်သည့် တပ်ပေါင်းစုသစ်က ကြေညာထားသည်။

မြန်မာ ပြည်တွင်းမှ လျို့ဝှက်အဖွဲ့ ငါးဆယ်နှင့် ပြည်ပ အခြေစိုက် အဖွဲ့ ၅၆ ဖွဲ့ပါဝင်သည် ဆိုသော Global Action For Burma (GAB) က အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ခေါင်းစဉ်အောက်တွင် လုပ်ငန်းများ ဖော်ဆောင် နေသည်ဟု အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“အကြီးဆုံး တပ်ပေါင်းစုလို့ ပြောနိုင်ပါတယ်။ ပြောလို့ရတယ်။” ဟု GAB ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အမေရိကန်နိုင်ငံ အခြေစိုက် ဦးရွှေစင်ထွန်းက ပြောကြားသည်။

“ဒါက ကျနော်တို့ တိုင်းပြည်မှာ စုစည်း ညီညွတ်မှု မရှိဘူးလို့ ကျနော်တို့ကို ပြောထားတဲ့ စုစည်းညီညွတ်မှု မရှိဘူး မရှိဘူးလို့ အမြဲတမ်း ဝေဖန်ခံနေရတာကို ကျနော်တို့ ကြိုးစားပြီး အဖြေထုတ်တာဘဲ။” ဟု သူက ထပ်ပြောသည်။

အခြားသော ပြောခွင့်ရ ပုဂ္ဂိုလ် တယောက်ဖြစ်သော ထိုင်းနယ်စပ် အခြေစိုက် ကိုယဉ်ထွေးက “အဖွဲ့အစည်းကြီး တခုလို ဖွဲ့စည်းပုံနဲ့ တော့မဟုတ်ဘူး။ ကျနော်တို့ အလုပ်တွေနဲ့ သွားတယ်။ ကျနော်တို့ လုပ်ငန်းတွေနဲ့ ပူးပေါင်း ပါဝင်ပြီးတော့ အလုပ်တွေနဲ့သွားတယ်။” ဟု အင်အားစုကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ဆင့်ကို တန်ပြန် ဆောင်ရွက်ခြင်း၊ စစ်အာဏာရှင်ကို ဖြုတ်ချရန် ရည်ရွယ်ထားသည်ဟု သိရသည်။

၁၉၈၈ ခုနှစ်က နိုင်ငံအဝှမ်း ယခင် အာဏာရှင် ဦးနေဝင်း အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြရာ စစ်တပ်က ပစ်ခတ် နှိမ်နင်းပြီး နောက် စစ်ဗိုလ်ချုပ် တစုက အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေး ထူထောင်ခဲ့သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */