ဒေါ်အောင်ဆန်းစုကြည် အကြောင်း မပြောရဟု ထုတ်ပြန်ထား

Monday, August 10, 2009 ·

ကြည်ဝေ | ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမများ အားလုံးကို မည်သည့် ထင်မြင်ချက်မှ မပေးရန်နှင့် မည်သို့မှ ပြောဆိုခြင်းမပြုရန် တရားဝင် စာထုတ်ကာ တားမြစ်ထားကြောင်း ဒဂုံတက္ကသိုလ်မှ ပါမောက္ခ တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇွန်လကတည်းက ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်ပြီး လုံးဝ မပြောကြဖို့ စာထုတ် သတိ ပေးထားတယ်။ ကျမတို့ ပညာရေး ဌာနတင်မကဘူး ၀န်ကြီးဌာနတိုင်းမှာ စာထုတ်သတိပေးတယ်လို့ ကြားတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းရှိသော နေ့များတွင် ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်ကျောင်းများ၌ လုံခြုံရေး ထူထပ်စွာ ချထားသည့်အပြင် ဌာနအသီးသီးမှ ဆရာဆရာမများ လုံခြုံရေး ယူပေးရကြောင်းလည်း ကြားသိ ရသည်။

“ရုံးချိန်းရှိတဲ့ နေ့တွေဆိုရင် မနက် ၇ နာရီ အရောက် ကျောင်းကိုလာပြီး ကင်းစောင့်ပေးရတယ်၊ ညနေ ၆ နာရီထိပဲ၊ ကျောင်းသူကျောင်းသား တွေထဲက ထူးခြားမှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်ပေးရတယ်၊ ထူးခြား ရင် ဒု - ချုပ်တွေဆီကို သတင်းပို့ရတယ်” ဟု အဆိုပါ ပါမောက္ခက ဆိုသည်။


တက္ကသိုလ်ကျောင်းများအတွင်း ဆရာဆရာမများအား လုံခြုံရေးတာဝန်ပေးကာ ကင်းစောင့်စေခြင်းကို ၂၀၀၀ ပြည့်နှစ်ကတည်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ သံဃာအရေးအခင်းပြီး ကာလများတွင် ပိုမို တင်းကျပ်လာကာ သံသယရှိသော ကျောင်းသူကျောင်းသားများ စာရင်းအား ပါမောက္ခချုပ်မှ တဆင့်
ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုက်ရိုက် သတင်းပေးပို့ရန် မှာကြားထားသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း ရက်များတွင် နည်းပညာကောလိပ် (GTC) ကျောင်းဝန်း အတွင်း၌လည်း အရပ်ဝတ်ရဲများ အများအပြား ချထားသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ဖိုးလပြည့် အနားယူသည့် အိမ်နှင့်အနီးတ၀ိုက်တွင်လည်း အထူးလုံခြုံရေးအနေနှင့် ယူနီဖောင်းဝတ် ရဲများကို တွေ့မြင်ရကြောင်း GTC ကျောင်းသားတဦးက ပြောပြသည်။

“သူ ကျောင်းတက်တာ ၂ ခါ ၃ ခါလောက်တော့ တွေ့ဖူးတယ်၊ ရုံးချိန်းရက်တွေဆို နေပြည်တော်မှာပဲ နေတယ်လို့ ကြားတာပဲ၊ တခုခုဖြစ်ရင် ရှောင်နိုင်အောင် ထင်တယ်” ဟု အဆိုပါ ကျောင်းသားက ဆိုသည်။

ရုံးချိန်းရှိသော နေ့ရက်များတွင် ရန်ကုန်မြို့အတွင်း အင်းစိန်ထောင် ပတ်ဝန်းကျင်၊ NLD ရုံးရှိရာ ရွှေဂုံတိုင်နှင့် အနီးတ၀ိုက်၊ မြို့တော်ခန်းမ အနီးတ၀ိုက်တို့တွင် ရဲများ၊ လုံထိန်းများ၊ အရပ်ဝတ်ရဲများ၊ စွမ်းအားရှင်များ စုစုပေါင်း အင်အား ၃ ထောင်ခန့်ကို လုံခြုံရေး တာဝန်ပေးထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စီရင်ချက်ချမည်ဟု ကြေညာခဲ့သည့် ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ ညသန်းခေါင်ယံအချိန်က အင်းစိန်ထောင်ရှေ့သို့ သွားမည့် NLD လူငယ် ၂၅ ဦးခန့်ကို အာဏာပိုင် များက ဖမ်းဆီးခေါ်ယူသွားခဲ့ပြီး ၎င်းတို့အထဲမှ တချို့ကို သြဂုတ် လဆန်းပိုင်းတွင် ပြန်လွှတ်ခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမှု အပြီးသတ် စီရင်ချမည့်ရက် ဖြစ်သော်လည်း သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီသို့ ထပ်မံ ရွှေ့ဆိုင်းချိန်းဆိုလိုက်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */