ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာ ခုံရုံးတင်ရန် အမျိုးသမီးအဖွဲ့များ တောင်းဆို

Monday, August 10, 2009 ·

သန်းထိုက်ဦး | မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) တွင် တရား စွဲဆိုရန်အတွက် အမျိုး သမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ ( WLB ) အပါဝင် ကမ္ဘာ တ၀န်းရှိ အမျိုးသမီးအဖွဲ့ စုစုပေါင်း ၆၅ ဖွဲ့ က သြဂုတ်လ ၇ ရက်နေ့တွင် တောင်းဆိုလိုက်ကြသည်။

အဆိုပါ အမျိုးသမီးအဖွဲ့များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ၎င်း၏ အပေါင်းပါများက ကျူးလွန်နေသော လူ့အခွင့် ရေး ချိုးဖောက်မှု များကို ဖော်ထုတ်၍ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး ရှေ့မှောက်သို့ ပို့ဆောင်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး လုပ်ငန်းစတင်ရန် တောင်းဆိုလိုက် ခြင်း ဖြစ်သည်။

“လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကနေပြီးတော့မှ မြန်မာပြည်အရေးကို သေသေချာချာ ဆွေးနွေးပြီးတော့ ဒီစုံ စမ်း စစ်ဆေးရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းပြီးတော့ လုပ်ငန်းတွေ စတင်လုပ်သွားဖို့အတွက် တောင်းဆိုချင် တယ်”ဟု WLB မှ ပြောရေးဆိုခွင့်ရှိသူ လွေးအေးနန်းက ဧရာဝတီသို့ပြောသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၅ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လုံခြုံရေးကောင်စီသို့ တင်သွင်း ခဲ့သော အစီးရင်ခံစာသည် ဆုံုးဖြတ်ချက် အမှတ် ၁၈၂၀ ၏ တရားရေးဆိုင်ရာ အရေးယူပိုင်ခွင့် ဘောင်အတွင်းကျ ရောက်နေသည့်အတွက် ထောက်ခံကြိုဆိုကြောင်း ၎င်း လွေးအေးနန်းက ဆိုသည်။

အမျိုးသမီးများ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်၌ “မြန်မာနိုင်ငံတွင် မိန်ကလေးငယ်များ အပါအဝင် အမျိုးသမီးများသည် လယ်ယာတွင် အလုပ်လုပ်ကိုင်ရန်နှင့် စစ်တပ်စစ်ဆေးရေးဂိတ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်မှုများ မကြာခဏဖြစ်ပေါ်တတ်သဖြင့် အဖော်မပါဘဲ ခရီးသွားရန် ကြောက်ရွံ့နေကြသည်”ဟု ၎င်း အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအား ကိုးကား၍ ဖော်ပြထားသည်။

ထို့အပြင် လွန်ခဲ့သည့် ဇူလိုင်လအတွင်း အမေရိကန်ပြည်၊ ဟားဗတ်တက္ကသိုလ်၊ ဥပဒေပညာသင်ကျောင်းရှိ လူ့အခွင့်အရေး ကာကွယ်ကုသခန်း (Human Rights Clinic) မှ ရှေ့နေကြီးများက မြန်မာစစ်အစိုးရ ခေါင်း ဆောင်များကို ခုံရုံးတင် တရားစွဲဆိုနိုင်ရန် အချက်အလက်များ စုဆောင်း၍ ကမ္ဘာ့ကုလသမဂ္ဂအတွက် အစီရင် ခံစာတစောင် ပြုစုတင်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီမဂ္ဂဇင်းက ဤအစီရင်ခံစာ ရေးသားသည့် စာရေးသူများအနက် တဦးဖြစ်သည့် ဟားဗတ်တက္ကသိုလ်၊ ဥပဒေ ကျောင်းရှိ လူ့အခွင့်အရေး ကာကွယ်ကုသခန်း (Human Rights Clinic) ၏ ဒါရိုက်တာဖြစ်သူ တိုင်လာ ဂီယန်နီနီ (Tyler Giannini) နှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။

တိုင်လာ ဂီယန်နီနီက“အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားခုံရုံး (ICC) ကို စတင်ဖွဲ့စည်းခဲ့တဲ့ စာချုပ်ကို မြန်မာစစ်အစိုးရက သဘောတူ လက်မှတ်ရေးထိုး မထားပါဘူး။ အဲသည်တော့ နိုင်ငံတကာ တရားမျှတမှုနဲ့ တာဝန်ယူ တာဝန်ခံမှု ကိစ္စတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ လုပ်ငန်းစဉ်အားလုံးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စရပါတယ်”ဟု ဖြေကြားခဲ့သည်။

သို့သော် တချို့သောလေ့လာသူများက ဝေဖန်ပြောဆိုနေကြရာတွင် အင်အားကြီးမဟာမိတ်နိုင်ငံများဖြစ် သည့် တရုတ်နှင့် ရုရှားနိုင်ငံ၏ ထီးမိုးကာကွယ်ပေးမှုကို စစ်အစိုးရက ရရှိနေသရွေ့ကာလတလျှောက်လုံး၊ ဤသို့ နိုင်ငံ တကာ အရေးယူမှုများ ဖြစ်လာနိုင်ဖွယ် မရှိကြောင်း ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */