ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့် အရင်ထက်ပိုပြီး ဆိုးရွားနိုင်

Sunday, August 23, 2009 ·

RFA | ဆိုင်းငံ့ ပြစ်ဒါဏ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အရင် နေအိမ် အကျယ်ချုပ်ကျတုန်း ကထက် အခွင့်အရေးတွေ ပိုရတယ် ထင်ရပေမယ့် ကန့်သတ်ချက် တွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် တကယ်တမ်းမှာ အရင်ထက်ပိုပြီး ဆိုးအောင် လုပ်လို့ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သုံးသပ်နေကြပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ၂၀၀၈ခုနှစ်အတွင်းက အင်းယားကန်တဖက် အဝေးမှ ရိုက်ကူး ထားသော ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့အပြစ်ဒဏ်နဲ့ အကျယ်ချုပ် ချလိုက်ချိန်မှာ ပုဒ်မ ၄၀၁ အရ နိုင်ငံတော် အကြီးအကဲရဲ့ ကန့်သတ် ချက်တွေ အရ လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ကန့်သတ်ချက်တွေ ရပိုင်ခွင့် တွေနဲ့ ပတ်သက်ပြီး အချက် ရှစ်ချက် ချမှတ်ထား ပေမယ့် ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အချက်တွေ ပါဝင် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဧည့်သည်တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ခွင့်တောင်းရမှာလား၊ တွေ့ဆုံချင်သူက ခွင့်တောင်းရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ရှေ့နေ ဦးကြည်ဝင်း။    ။ “စည်းကမ်း ထဲမှာတော့ ဧည့်သည် တွေ့မယ် ဆိုရင် တောင်းဆိုတင်ပြ ခွင့်ပြုချက်နဲ့မှ တွေ့ခွင့်ရှိမယ်။ အဲဒီသဘောမျိုးပဲ။ အဲဒီ အချက်က မရှင်းတော့ မေးမြန်းဖို့ရာ လုပ်ထားတယ်။ ဘယ်သူဘယ်ဝါ တွေ့ခွင့်ရှိမယ် ဘယ်သူ ဘယ်ဝါတော့ တွေ့ခွင့်မရှိဘူး၊ အဲဒါမျိုး မပါဘူး”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ခွင့်ပြုထားတဲ့ အချက် ရှစ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြ၀တီက ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ နေ့စဉ်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေ ဖတ်ရှုခွင့် ရှိတယ်လို့ ဆိုပေမယ့် ရေဒီယို နားထောင်ခွင့်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ သေသေချာချာ မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို မေးမြန်းဘို့ ပြင်ဆင် နေရတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရှေ့နေ ဦးဉာဏ်ဝင်း။    ။“တွေ့ဖို့ စီစဉ်နေတယ်၊ မေးဖို့ စာတွေရေးနေတယ်။ ဒါလည်း ဒေါ်စုနဲ့ ပြန်ပြီး အတည်ပြုပြီးမှ ကျနော်တို့ ဆောင်ရွက်လို့ ရမယ်။ ဒီကြားထဲမှာတော့ ကျနော်တို့ တွေ့ခွင့်မရသေးဘူး။ ကျနော်ပြောနိုင်တာက အခု ကန့်သတ်ချက်တွေက သာမန်ကြည့်လို့ရှိရင်တော့ အရင်ကန့်သတ်ချက်ထက် အများကြီး လျှော့ထားတယ်လို့ ယူဆရတယ်။ ဒါပေမယ့် လက်တွေ့ ဒီကန့်သတ်ချက်ကို အကောင်အထည် ဖော်လို့ရှိရင် ပိုပြီးတော့ ဆိုးအောင်လည်း အကောင်အထည်ဖော်လို့ရတယ်။ အဲဒါကြောင့် ကန့်သတ်ချက်ကိုက သိပ်ပြီးတော့ မရှင်းလင်းဘူး။ အဲဒီအဓိပ္ပါယ်ရတယ်။ ဒါကြောင့် ဒီဟာကို ရှင်းလင်းအောင် ဦးစွာဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်တို့ ဆွေးနွေးကြတာ”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီး ရှေ့နေ အဖွဲ့အနေနဲ့ စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး လာမယ့် အပတ်အတွင်း တွေ့ဆုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */