မြန်မာ ပြည်တွင်းက အတိုက်အခံ များကို စစ်အုပ်စုက ဖိအားများ တိုးမြှင့်နေဆဲ

Sunday, August 23, 2009 ·

မိုးမခအထောက်တော် | မြန်မာပြည်တွင်းက အတိုက်အခံ အင်အားစုတွေရဲ့ လှုပ်ရှားမှု တွေကို စစ်အုပ်စုက အဆက်မပြတ် စောင့်ကြည့်ပြီး ဖိအားပေးမှုတွေ၊ အနှောက်အယှက်ပေးတာတွေနဲ့ ခြိန်းခြောက်မှု တွေကို ကျုးလွန်နေဆဲ ဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။

ပထမ သတင်း တခုကတော့ - ကြို့ပင့်ကောက် မြို့နယ်က ကျောင်းတိုက်တခုကို စစ်တပ်က၀င်ပြီး ခြိန်းခြောက် မှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ပြန့်နှံ့နေတဲ့ သပိတ်မှောက်ရေး တိုက်တွန်းတဲ့စာများ၊ စစ်အစိုးရကို ကန့်ကွက် ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ ကြေငြာချက် များကြောင့် သံဃာတော် များကို စောင့်ကြည့် စစ်ဆေးမှုတွေ တိုးမြှင့် လာတယ်လို့ မှတ်ချက်ပေးပါတယ်။

တိုင်းက တဆင့် ညွန်ကြားထားလို့ မြို့နယ် သံဃာနာယက အဖွဲ့တွေက ရဟန်းငယ်များကို တာဝန် ပေးပြီးတော့ သံဃာ အချင်းချင်းကိုလည်း စောင့်ကြည့် ခိုင်းတယ်လို့လည်း ဆိုပါတယ်။

ဒုတိယ သတင်းတခုကတော့ ထောင်ဝင်စာသွားရောက်နေကြတဲ့ မိသားစု ၀င်တွေ ကိုလည်း စစ်အုပ်စုရဲ့ လုံခြုံရေး အဖွဲ့ဝင်တွေ သာမက နယ်မြေခံသတင်းပေးတွေပါ အနှောက်အယှက်တွေ ပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ထောင်ဝင်စာ တွေ့ချိန်မှာ မိသားစုတွေ လွတ်လွတ် လပ်လပ် စကားပြောခွင့် မရှိအောင်လည်း ဆောင်ရွက် တယ်လို့လဲ ပြောကြပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကျခံထားရတဲ့ ကျောင်းသားတဦးဖြစ်တဲ့ ဒီငြိမ်းလင်း အတွက် ထောင်ဝင်စာ သွားတွေ့တဲ့ မိခင်ကို ကားဂိတ်မှာ ပိုက်စိတ်တိုက် ရှာပြီး အနှောက်အယှက် ပေးခဲ့တယ်လို့ မျက်မြင် တို့က ပြောပြခဲ့ပါတယ်။

တတိယ သတင်း တခုကတော့ ကြို့ပင့်ကောက် မြို့နယ်နဲ့ ပတ်သက်ပါတယ်။ သြဂုတ် ၁၆ မှာ ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ် ပေးဟူသော စာရွက်များ ဖြန့်ဝေခဲ့ကြပြီးနောက်မှာ မြို့နယ်က ဒေါ်မာမာအေး နဲ့ ဝေယံဝင်းခိုင် တို့ကို ၁၇ ရက်နေ့မှာ လာရောက် ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။ အဲသည်လို စာရွက်စာတမ်း တွေကို ဖြန့်ဝေကြတဲ့ ဖြစ်ရပ်တွေမှာ အချို့တွေကို အတိုက်အခံတွေက ဖြန့်ချိ ခဲ့တာမျိုး မရှိဘူးလို့လဲ မြို့ခံအချို့က ပြောပါတယ်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */