တပ်ပေါင်းစုအဖွဲ့မှ မြန်မာစခန်းတခုအားသိမ်းပိုက်

Thursday, August 27, 2009 ·

သတင်းနှင့် မီဒီယာကွန်ယက် | မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ တပ်ဦး(MPDF)နှင့် မြန်မာစစ် အစိုးရတပ်တို့ မြန်မာ စံတော်ချိန် ညနေ ၃ နာရီ အချိန်ခန့်မှစ၍ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပြီး မြန်မာစခန်း တစ်ခုအား သိမ်းပိုက်ထားပြီဟု တရုတ်မြန်မာ နယ် စပ် သတင်းရပ်ကွက်ကပြောသည်။

ချင်းရွှေဟော်၊ နမ့်တင်းနှင့် ရန်လန်ကျိုင် ဒေသသုံးခုတွင် ဖြစ်ပွားနေသည်ဟု သိရပြီး တရုတ်နိုင်ငံတွင်းသို့ လက် နက်ကြီးကျည် အချို့ ကျရောက်ကာ လူအချို့သေဆုံးသည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင် ကျော်ဇောက ပြောသည်။

စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ လက်အောက်ခံ တပ်များနှင့် ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တို့သည် ယနေ့ညနေ ၆ နာရီခန့်က စတင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၇ နာရီအချိန်က ကိုးကန့်ဒေသရှိ ရန်လုံကျင်းနယ်စပ်ဂိတ်အား ဖုန်ကျားရှင် ထောက်ခံသည့် အဖွဲ့များ က ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ၀ပြည်သွေးစီး ညီညွတ်ရေး တပ်မတော်(UWSA)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့(KIO)၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA) ထို ၄ ဖွဲ့ပေါင်း၍ မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ တပ်ဦး(MPDF)အား သြဂုတ်လ (၂၁)ရက်တွင် ဖွဲ့စည်း ကြောင်း ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

source by : သတင်းနှင့်မီဒီယာကွန်ယက်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */