ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ

Thursday, August 06, 2009 ·

NEJ | ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာ ခရိုင်ဒေသကို ထိုးစစ် ဆင်ရန်အတွက် ဒီကေဘီအေ တပ်မဟာ (၅) အဖွဲ့ ယမန်နေ့က ဘုရားသုံးဆူနယ်ခြားမြို့သို့ ရောက်ရှိလာပြီဟု တပ်မှူး တဦးက ခေတ်ပြိုင်သို့ပြောသည်။

တပ်မဟာ (၆) တပ်မှူးတဦးက “မနေ့က ဒီကေဘီအေ တပ်မဟာ (၅) က နှုတ်ခမ်းမွှေးတို့အဖွဲ့ အင်အား (၂၀၀) ကျော် ဘုရားသုံးဆူခွင်ထဲရောက်လာပြီဆိုတော့ အချိန်မရွေးတိုက်ပွဲဖြစ်ဖို့က သေချာနေပြီ” ဟု ပြောသည်။

နအဖ၏မြောက်ထိုးပင့်ကော်လုပ်မှုကို နားမယောင်ဘဲ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အနေဖြင့် တပ်မဟာ(၇) ထိုးစစ်ကဲ့သို့ မှားပြီးရင်းထပ်မမှားရအောင် စဉ်းစားတွေးခေါ်ကြရန် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောသည်။

ကေအန်ယူဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက “ပြီးခဲ့တဲ့ တပ်မဟာ (၇) ထိုးစစ်မှာ ဒီကေဘီအေက (၁၀၀) ကျော် သေတယ်၊ ဒဏ်ရာရတာလည်း (၁၀၀) ကျော်တယ်။ သေကျေတာက အားလုံးကရင်တွေဖြစ်တယ်။ နအဖကိုဆန့်ကျင်တာ ကေအန်ယူ တဖွဲ့တည်းမဟုတ်ဘူး၊ အားလုံးနီးပါးဆန့်ကျင်နေကြတာ ဖြစ်တယ်။ နအဖဟာ တရားဝင်အစိုးရဖြစ်ဖို့ အရူးအမူး လျှောက်လုပ်နေတာကို သတိထားစေလိုတယ်” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှ ဗိုလ်ကြီးတဦးက “ကရင်တွေဖြစ်နေကြတဲ့ ပဋိပက္ခမှာ ဘယ်သူမှားလဲ၊ မှန်သလဲဆိုတာ အချိန်တန်ရင် အဖြေထွက်မယ်။ ကိုယ့်အမျိုးကိုယ်ချစ်တာ ပါးစပ်နဲ့မပြောနဲ့ အလုပ်နဲ့သက်သေပြရမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို ၂၀၁၀ ခုနှစ် မတိုင်မီ တိုက်ခိုက်သိမ်းပိုက်ရန် နအဖက ဒီကေဘီအေ (၉၉၉) တပ်မဟာကို အမိန့်ပေးထားပြီး တပ်မဟာ (၆) ဒူးပလာယာခရိုင်ကို သိမ်းပိုက်ရန် ဒီိကေဘီအေတပ်မဟာ (၅) အဖွဲ့ကို စေခိုင်းထားသည်ဟု ဒီကေဘီအေ စာပေနှင့်ယဉ်ကျေးမှုတာဝန်ရှိသူတဦးက ပြောသည်။

တလကြာဖြစ်ပွားခဲ့သည့် တပ်မဟာ (၇) ဒေသတိုက်ပွဲတွင် တဖက်နှင့်တဖက် အနိုင်အရှုံးမပေါ်ဘဲ ကရင်များသာ သေကျေခဲ့သည့်အတွက် ယခုစတင်မည့် တပ်မဟာ (၆) ဒေသ ထိုးစစ်တွင်လည်း အလားတူအခြေအနေများ ထပ်မံမဖြစ်ပွားရန် တိုက်တွန်းလိုသည်ဟု ကေအန်ယူက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */