ဝငြိမ်းချမ်းရေးအဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်ရင်း (၃) ခု လာရောက်တပ်စွဲထား

Tuesday, August 04, 2009 ·

NEJ | ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဝဒေသမြောက်ပိုင်းရှိ ဟိုပန်မြို့နယ်၊ နမ့်တင်းတွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဒီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ရင်း ယခုလ (၂) ရက်မှစတင်၍ လာရောက်တပ်စွဲထားသည်၊၊

နအဖစစ်သားများ ဝမြောက်ပိုင်းဒေသအနီးသို့ လာရောက်တပ်စွဲလှုပ်ရှားမှုအပေါ် ဝတပ်ဖွဲ့စောင့်ကြည့်နေပြီး ယနေအချိန်အထိ အခြေအနေငြိမ်သက်နေသေးကြောင်း ဝတပ်မှူးတဦးက ပြောသည်။

“ကျနော်တို့ တပ်တွေနဲ့ (၁ဝ) မိုင်အကွာလောက်မှာ ရှိပါသေးတယ်။ လက်နက်ကြီး တကမ်းစာပေါ့ဗျာ။ ကျနော်တို့ကတော့ ဒီအပေါ်မှ stand by လုပ်ထားပါတယ်။ ကိုယ့်နယ်ထဲဝင်လာပြီး ရန်စလာပြီဆိုရင်တော့ ပြန်တွယ်ဖို့ အဆင်သင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဝတပ်ဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်များ အင်အား ဖြည့်တင်းနေ သကဲ့သို့ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာအနီး နားလုံကျေးရွာသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတခု လာရောက် အင်အား ဖြည့်တင်းနေ ကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

ဇူလိုင် (၃၁) ရက်၌ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းကို ရောက်ရှိ လာသကဲ့သို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ထိန်းချုပ်ရာ တရုတ်-မြန်မာ နယ်စပ်ရှိ လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် အဆိုပါငြိမ်းချမ်းရေးအဖွဲ့များမှ ခေါင်းဆောင်များအား ထပ်မံပြောဆိုပြီးနောက်ပိုင်း ယခုကဲ့သို့ စစ်တပ်အင်အားများ ဖြည့်တင်းလာနေခြင်းဖြစ်သည်။

ယခုကဲ့သို့ တပ်အင်အားများ ငြိမ်းအဖွဲ့နယ်မြေအနားတွင် လာရောက်လှုပ်ရှားလာမှုမှာ ငြိမ်းအဖွဲ့များအပေါ် ခြိမ်းခြောက် ဖိအားပေးနည်းတမျိုးသာဖြစ်ပြီး တိုက်ခိုက်ရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “တပ်တွေကို အဲဒီနားကိုပို့ပြီး ခြိမ်းခြောက်ဖိအားပေးတာသက်သက်ပါ။ ဒေသခံလူထုတွေ ကြောက်လန့်၊ အထိတ်တလန့်ဖြစ်ပြီး လူထုက စစ်မတိုက်ပါနဲ့တော့လို့ ပြောလာအောင် ဖိအားပေးတာမျိုးပါ။ အခု ဝနယ်ဘက်ကပ်လာတဲ့ တပ်ရင်းသုံးရင်းမှာ တရင်းက (၁၄၂) ယောက်၊ နောက်တခု (၁၄၆) ယောက်၊ နောက်တရင်းက (၁၅၃)၊ အားလုံးအင်အား (၄ဝဝ) ကျော်ပဲ။ ဝကိုတိုက်ဖို့ ဒီလောက်အင်အားလေးနဲ့ သွားလုပ်လို့မရပါဘူး။ အခုအချိန်မှာ သူတို့မတိုက်နိုင်သေးပါဘူး” ဟု ပြောသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်အာဏာ သိမ်းပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်ပြီး စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့ရာမှ ယခုနှစ် ဧပြီ (၂၈) ရက်နေ့တွင် အင်အား (၃ဝ,ဝဝဝ) ဝန်းကျင်ရှိသည့် ဝတပ်ဖွဲ့ကို အင်အား (၃,ဝဝဝ) အထိ လျှော့ချကာ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်းပြောင်းရန် နအဖ၏ ဖိအားပေးခြင်း ခံနေရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */