အယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုရ

Thursday, August 27, 2009 ·

မင်းနိုင်သူ | အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် အတွက် အယူခံ တင်သွင်းရန် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ယနေ့ တွေ့ဆုံခွင့် ရခဲ့သည်။

“ကျနော်တို့ အယူခံလွှာ မူကြမ်း ရိုက်ပြီး ယူသွားတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည် ကိုပြတော့ တချို့ ဟာလေးတွေကို ဖြုတ်တာ။ ထပ်ဖြည့်တာ လုပ်တယ်။ ဒီနေ့တော့ သူရဲ့သဘောတူညီမှုကို ရခဲ့ပြီပေါ့။ ကျနော်တို့ တင်ရုံပဲ ရှိပါတော့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ယနေ့မွန်းလွဲ (၁၂) နာရီခွဲမှ (၂) နာရီခွဲအထိ တွေ့ဆုံ ညှိနှိုင်း ပြင်ဆင် ခဲ့ကြသော အယူခံလွှာကို လာမည့် သီတင်းပတ် အတွင်း ရန်ကုန်တိုင်း တရားရုံးသို့ တင်ပြ သွားမည် ဖြစ်သည်။

“ရန်ကုန်တိုင်းတရားရုံးမှာ မအောင်မြင်ဘူးဆိုရင် ကျနော်တို့ ဒီကအခေါ်အဝေါ် ပြင်ဆင်မှုပေါ့ဗျာ။ အဲဒါကို ဗဟိုတရားရုံး ထပ်တင်ရပါမယ်။ ဗဟိုတရားရုံးမှာလည်း ပြင်ဆင်မှုမအောင်မြင်ဘူးဆိုရင် အထူးအယူခံဆိုတာ ရှိပါတယ်။ အဲဒီအဆင့်အထိ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။

ယခု အယူခံမှုသည် အင်းစိန်ထောင် တရားရုံးက နေအိမ် အကျယ်ချုပ်မိန့် ဖောက်ဖျက်သည် ဆိုကာ ချမှတ် ခဲ့သော အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်အတွက် အယူခံခြင်း ဖြစ်ပြီး နေအိမ် အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်း မရှိပေ။

နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ အမျိုးသမီး (၂) ဦး တို့အား တရားစွဲဆိုခဲ့သည်။

ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ် အကျယ်ချုပ် (၁၈) လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ် အဖြစ်ထားရှိရန် ပြည်ထဲရေး ၀န်ကြီးမှ တဆင့် အမိန့် ထုတ်ခဲ့သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက် ချခြင်းသည် အာဏာ သက်ဝင်မှု မရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ သူမ၏ ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ရှိမရှိကို အဆုံးအဖြတ် ပေးသွားနိုင်ခြင်း မရှိဘဲ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */