မော်ဒယ်မလေး ၀တ်မှုန်ရွှေရည် မွေးနေ့ပွဲ ဗိုလ်ချုပ်မှူးကြီး၏မြေး ဖိုးလပြည့်တက်ရောက်

Tuesday, August 11, 2009 ·

မျိုးချစ်သူ | ဆီဒိုးနားဟိုတယ်တွင် ယမန်နေ့ည (၇) နာရီက ကျင်းပခဲ့သော စိုင်းစိုင်းခမ်းလှိုင်နှင့် ချစ်သူဖြစ်နေကြောင်း တရားဝင်ကြေညာထားသည့် မော်ဒယ်မလေး ၀တ်မှုန်ရွှေရည်၏ (၂၁) နှစ်မြောက် မွေးနေ့ပွဲသို့ နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် တက်ရောက်ခဲ့ကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သိရသည်။

“ဖိုးလပြည့်ရောက်လာတော့ ထုံးစံအတိုင်းပဲ။ ဓာတ်ပုံတွေ ၀ိုင်းရိုက်ကြတာပေါ့ဗျာ။ ၀တ်မှုန်ရွှေရည်ကလည်း ၀မ်းပန်းတသာနဲ့ ကြိုဆိုတာ တွေ့ရတယ်။ စိုင်းစိုင်းကလည်း လာပြီးနှုတ်ဆက်တာ တွေ့တယ်ဗျ။ ဘယ်လိုလဲတော့ မသိဘူး” ဟု အဆိုပါမွေးနေ့ပွဲ တက်ခဲ့သည့် အနုပညာရှင်တဦးက ပြောသည်။

မော်ဒယ်လ်မလေး ၀တ်မှုန်ရွှေရည်အား နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ဖိုးလပြည့်က မေမြို့ကို ခေါ်ဆောင်သွားခဲ့ဖူးသည်ဟူသော သတင်းများ လွန်ခဲ့သော ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက အင်တာနက်စာမျက်နှာများနှင့် ဂျီမေးသုံးစွဲသူများအကြားတွင် အလွန်ရေပန်းစားခဲ့သေးသည်။

မော်ဒယ် ဝတ်မှုန်ရွှေရည်သည် တိုင်းရင်းသူ မော်ဒယ်တဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျော်ကြားနေသော ဟစ်ဟော့ပ်အဆိုရှင် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ချစ်သူဖြစ်ကြောင်းကို ရန်ကုန်စာနယ်ဇင်းတလောကလုံးက ရေးသားဖော်ပြကြသည့်အတွက် လူသိရှင်ကြား ဖြစ်လျက်ရှိသည်။

ယင်းအပြင် ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များမှာ အင်တာနက်စာမျက်နှာများပေါ်တွင် အများအပြားရှိနေသေးကြောင်း အင်တာနက် သုံးစွဲသူများက ဆိုသည်။

ဖိုးလပြည့်က မေမြို့သို့ ခေါ်ဆောင်သွားဖူးသည်ဟူသော သတင်းနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ကောလာဟလ သတင်းများအဖြစ် မေးမြန်းမှုအပေါ် ငြင်းဆိုထားမှုမရှိကြောင်း ဖတ်ရှုရသည်။ ယင်းသတင်း ဂျာနယ်တွင် ဝတ်မှုန်ရွှေရည်နှင့် စိုင်းစိုင်းခမ်းလှိုင်အကြောင်းများကို ဘေးချင်းယှဉ် ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */