စည်ပင် ၀န်ထမ်း အဖြစ် လေ့ကျင့်ခံရသည့် အိုးအိမ်မဲ့ သူများ၏ ကလေးငယ်အချို့ ပျောက်ဆုံးနေ

Tuesday, August 25, 2009 ·

ဝီရ | ရန်ကုန် မြို့တော် စည်ပင်နယ်နိမိတ်အတွင်း တောင်းရမ်း စားသောက် နေသည့် အိုးအိမ်မဲ့သူများအား မြို့နယ် စည်ပင် သာယာရေး ကော်မတီက စည်ပင်ဝန်ထမ်းအဖြစ် လေ့ကျင့်ပေးရာတွင် ၎င်းတို့၏ ကလေးအချို့ ပျောက်ဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

မြို့တော် စည်ပင် သာယာရေး ကော်မတီက အိုးမဲ့အိမ်မဲ့ များအား ယင်းသို့ လေ့ကျင့်ပေးရာတွင် ၎င်းတို့၏ ကလေး ငယ်များနှင့် သီးခြား ခွဲထားသောကြောင့် ကလေးငယ် အချို့ပျောက်ဆုံး ရခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး အင်ဂျင်နီယာ ဌာနမှ ဝန်ထမ်း တဦးက ပြောသည်။

၎င်းက “တောင်းရမ်း စားသောက်တဲ့ အိုးအိမ်မဲ့တွေကို ဖမ်းပြီးတော့ သူတို့ ကလေးတွေကို ဟံသာဝတီ အဝိုင်းက ကလေး ထိန်းသိမ်းရေး စခန်းဆီ ပို့လိုက်တယ်။ သူတို့ မိဘတွေကို ကျတော့ အမှိုက်သိမ်းတဲ့ အလုပ်တွေ အတွက် ယာယီ ဝန်ထမ်း အနေနဲ့ ခန့်ထားတာ၊ သူတို့ ကလေးတွေ ကိုလည်း တွေ့ခွင့်မပေးဘူး။ အသက် (၈) နှစ်ကနေ (၁၅) နှစ်အောက် ကလေးတွေကို မိဘတွေနဲ့ အတူနေခွင့် မပေးဘူး။ အဲဒီလို ပို့ထားလို့ သူတို့ကလေးတွေ ဘယ်ရောက် နေမှန်း စုံစမ်းလို့မရဘူး ဖြစ်နေတယ်။ ဒီဟံသာဝတီက ထိန်းတဲ့နေရာက ကလေး (၁၀၀) ကျော်လောက်ပဲ ထားလို့ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယင်းကဲ့သို့ မိဘများနှင့်ခွဲကာ ထိန်းသိမ်း ခံထားရသည့် ကလေးငယ် အချို့မှာ ကလေးစစ်သားအဖြစ် စုဆောင်း ခံရခြင်းလည်း ဖြစ်နိုင်ကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

၎င်းက “တွံတေးမြို့က ကလေးထောင်လို့ လူသိများတဲ့ လူငယ်ထိန်းသိမ်းရေးစခန်းထဲမှာလည်း သွားရှာတာ မရှိဘူး။ တချို့ ကလေး တွေက ပျောက်နေတယ်။ အဲဒီကလေးတွေ ဘယ်ရောက်သွားလဲဆိုတာကတော့ သတင်းထွက် နေတာ အမျိုးမျိုးပဲ။ သူတို့ကို ကလေး စစ်သား အဖြစ်နဲ့ စုဆောင်းတာလည်း ဖြစ်နိုင်တယ်ပေါ့။ ဒီအခြား အပြင်တွေမှာ ရှိရင်တော့ ရှာလို့တွေ့မှာပေါ့” ဟု ပြောသည်။

အဆိုပါအသက်မပြည့် (၁၈) နှစ်အောက် ကလေးငယ်များအား မြို့တော် စည်ပင်သာယာရေးကော်မတီက ဟံသာဝတီအဝိုင်း လေလွင့် ကလေး ထိန်းသိမ်းရေးစခန်းသို့ အရင်ပို့ဆောင်ပြီး ထိုမှတဆင့် အခြား နေရာများသို့ ပို့ဆောင်ခြင်းဖြစ်ပြီး ယင်းသို့ အပို့ခံရသည့် ကလေးငယ်များ၏ ကိုယ်ရေး အချက်အလက် ပြည့်စုံမှု မရှိခြင်းကြောင့် စုံစမ်းရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စည်ပင်အင်ဂျင်နီယာဌာနမှ ဝန်ထမ်းက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့်အရာရှိတဦးကမူ မြို့တော်နယ်နိမိတ်အတွင်း အိုးအိမ်မဲ့၊ အခြေမဲ့သူများ ပပျောက်ရေးအတွက် ၎င်းတို့အား ဖမ်းဆီးကာ ယာယီ ဝန်ထမ်း အဖြစ် (၃) လ ခန့်ထားပြီး နေ့စား (၁,၅၀၀ - ၂,၀၀၀) ကျပ်နှင့် နေရေး ထိုင်ရေး အတွက်ပါ စီစဉ် ပေးထားသည်ဟု ပြောကြား သော်လည်း ထိုသူများ၏ ကလေးငယ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် မကြားမိကြောင်း ပြောသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက်တဦးက “ကျနော်တို့ ပြည်တွင်းဂျာနယ်တွေမှာ ကလေးပျောက် ကြော်ငြာ တာတို့ ထည့်ရင်တောင် အချက်အလက်တွေ စစ်ဆေးခံရသေးတာ၊ အများစုက ဖော်ပြခွင့်မရှိဘူး။ မြန်မာ့အလင်း တို့မှာပဲ ထည့်တာ တွေ့ရတယ်။ ဒီကလေး စစ်သား စုဆောင်း ခံရတာတို့၊ နာဂစ်ပြီး နောက်ပိုင်း ဧရာဝတီတိုင်းက ကလေးငယ်တွေ ပညာရေး အခက်အခဲ ဖြစ်တာတို့ ရေးရင် အဖြုတ်ခံ ရသေးတာပဲ။ ဒီနိုင်ငံမှာ ကလေးပျောက်တာ စစ်သား အဖြစ် စုဆောင်း ခံရတာလား ဆိုတဲ့ မေးခွန်းက အရင်ဆုံး မေးစရာ ဖြစ်နေ တယ်လေ” ဟု ပြောသည်။

မြို့တော် စည်ပင် နယ်နိမိတ် အတွင်းတွင် တောင်းရမ်း စားသောက် သူများသည် တနေ့တခြား ပိုမို များပြား လာနေသည် ဟုလည်း ၎င်းက ပြောသည်။

နအဖစစ် အစိုးရ၏ စစ်အင်အား ပြည့်မီရေးစီမံချက်ကြောင့် စစ်သားစုဆောင်းရေး တပ်ရင်း (၄) ခုနှင့် မြို့နယ် (၃၇) ခုတွင် နယ်လှည့် စစ်သား စုဆောင်းရေး တပ်ဖွဲ့ခွဲများ ဖွဲ့စည်းထားပြီး စစ်သား စုဆောင်းရေး တပ်ရင်း တခုတွင် တလလျှင် ကလေးငယ် (၁၀၀) ခန့်ကို စစ်သားအဖြစ် စုဆောင်းနေကြောင်း ရိုးမ (၃) သတင်းဌာန၏ ၂၀၀၉ ခု ဇူလိုင်လထုတ် “မြန်မာ့သားကောင်းများ အတွက် ဝမ်းနည်း ဖွယ်ရာ ကလေးစစ်သားများ” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */