ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးရေး တောင်းဆိုဖို့ အာဆီယံ ဆွေးနွေး

Thursday, August 20, 2009 ·


RFA

ဒေါ်အောင်ဆန်းစုကြည်ကို ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ပေးထားတာကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အာဆီယံအဖွဲ့ကြီးအနေနဲ့ အဖွဲ့ဝင် မြန်မာစစ်အစိုးရကို တရားဝင် စာရေးတောင်းဆိုဖို့ ဒီကနေ့ သြဂုတ် ၁၉ ရက် ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံအရာရှိတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မြန်မာအပါအဝင် အာဆီယံ ၁ဝ နိုင်ငံက အဆင့်မြင့်အရာရှိကြီးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ညစာစားပွဲမှာ ဆွေးနွေးနေပြီး မနက်ဖြန် ကြာသပတေးနေ့မှာ ဆက်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲပြီး လာမဲ့သောကြာနေ့မှာ မြန်မာအစိုးရဆီကို စာရေးသား ပေးဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။

ရိုက်တာသတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းရာမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Teuku Faizasyah က အာဆီယံနိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စာရေးသားတောင်းဆိုဖို့ အခြေခံအားဖြင့် စီစဉ်ဆွေးနွေးနေတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ စာထဲမှာ ဘယ်လိုဆုံးဖြတ် ရေးသားမယ်ဆိုတာတော့ မသေချာသေးကြောင်း ပြောကြားပါတယ်။


ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး စာရေးတောင်းဆိုဖို့ကိစ္စမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အကြား မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေက ကန့်ကွက်တဲ့ဖက်မှာ ရှိနေပြီး ကျန် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တဖက် သဘောထားကွဲနေတယ်လို့ သိရပါတယ်။

အာဆီယံအနေနဲ့ အမှုစီရင်ချက်ချတဲ့နေ့က အလေးအနက် စိတ်ပျက်ရကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အကျပ်အတည်း ပြဿနာမှာ အာဆီယံအနေနဲ့ အာဏာသြဇာမရှိတဲ့ အဖွဲ့အဖြစ် ဝေဖန်ခံနေရပါတယ်။


source by :RFA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */