အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာပြည် သွားမည်

Friday, August 07, 2009 ·

ဧရာဝတီ | အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) သည် သူ၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း သွားရောက်မည်ဟု ကြာသပတေးနေ့က ကြေညာ လိုက်သည်။


အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် (ဓာတ်ပုံ - Reuters)
မစ္စတာ ဂျင်မ်ဝက်ဘ်သည် ပြီးခဲ့သည့် ၁ဝ နှစ်အတွင်း မြန်မာ နိုင်ငံသို့ သွားရောက်မည့် ပထမဆုံးသော အမေရိကန် လွှတ်တော် အမတ် တဦး ဖြစ်လာမည် ဖြစ်သည်။ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် မစ္စတာ ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မသိရသေးပေ။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

သူ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မစ္စတာ ဂျင်မ်ဝက်ဘ်က ကြေညာချက်တစောင် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအပြင် ထိုင်း၊ လာအို၊ ဗီယက်နာမ်၊ ကမ္ဘောဒီးယား နိုင်ငံ တို့ကိုလည်း သွားရောက် လည်ပတ်မည်ဟု ဆိုသည်။

ခရီးစဉ် အတွင်း မြန်မာနိုင်ငံ နှင့် ဒေသအတွင်း အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရေး အတွက် အခွင့်အလမ်းများ ရှာဖွေမည်ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုသည်။

ကြေညာချက်တွင် မစ္စတာ ဂျင်မ်ဝက်ဘ်သည် အာရှဒေသအတွင်း နှစ်ပေါင်း ၄ဝ နီးပါး လှည့်လည် သွားလာပြီး ရေတပ် အရာရှိ၊ စာနယ်ဇင်းသမား၊ ဝတ္ထုရှည် ရေးသားသူ၊ ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်ရေးအရာရှိ၊ စီးပွားရေးအတိုင်ပင်ခံ စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့သည့်နည်းဖြင့် အရေးယူထားသော အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ပြန်လည်သုံးသပ်မည်ဟု မကြာသေးမီက ကြေညာထားသည်။

အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ခြင်းဖြင့် ဖိအားပေးသည့် နည်းလမ်းကို လက်မခံသူတဦး ဖြစ်သည်။

မြန်မာပြည်သို့ သွားမည့် မစ္စတာ ဂျင်မ်ဝက်ဘ်သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီတွင် အကြီးအကဲတဦး ဖြစ်သောကြောင့် ထူးခြားသည်ဟု ဆိုနိုင်သော်လည်း သူ၏ ခရီးစဉ်မှ သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည် မဟုတ်ဟု မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ဦးအောင်သူငြိမ်းက ခန့်မှန်းသည်။

“အရင်ကလည်း အရေးကြီးတဲ့ အမေရိကန် အရာရှိတွေ မြန်မာနိုင်ငံ လာဖူးပါတယ်၊ စတီဗင် ဆိုလာ့စ်၊ မယ်ဒလင်း အောဘရိုက်၊ ဘီလ် ရစ်ချတ်ဆန် စသဖြင့် .. မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့ သူတို့က မကူညီနိုင်ပါဘူး။ အခုတခါလည်း သိပ်ပြီးတော့ ကျနော့်တို့ အရေး ကူညီနိုင်မယ်လို့ မျှော်လင့်ချက် မရှိပါဘူး” ဟု ဦးအောင်သူငြိမ်းက ဧရာဝတီကို ပြောသည်။

သို့သော်လည်း သူ၏ ခရီးစဉ်သည် နှစ်နိုင်ငံ အစိုးရများအတွက် အကျိုးရှိမည့် ခရီးစဉ်တခု ဖြစ်လာနိုင်သည်ဟု ဆိုသည်။

“စစ်အစိုးရက အမေရိကန်နဲ့ ပြေလည်ချင်ရင် အခွင့်ကောင်းယူနိုင်ပါတယ်၊ အမေရိကန်ကလည်း စစ်အစိုးရက သူတို့ကို ဝင်တိုက်မှာ သိပ်ကြောက်နေတဲ့ ကိစ္စကို စိုးရိမ်မှု လျော့လာအောင် လုပ်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ထင်ပါတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */