ငွေကြေး အရှုပ်တော်ပုံကြောင့် ရွေးကောက်ပွဲဝင်မည့် အဖွဲ့ကွဲ

Tuesday, August 04, 2009 ·


မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ) ၊ အဖွဲ့အတွင်း ငွေကြေး အရှုပ်တော်ပုံကြောင့်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် ရည်ရွယ် ဖွဲ့စည်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ပခုက္ကူမြို့နယ် တာဝန်ခံသည် အဖွဲ့မှ နုတ်ထွက်သွားပြီ ဖြစ်သည်။

“အဓိက အဖွဲ့တွင်းမှာ ရငွေ သုံးငွေ စာရင်း မသိရဘူးခင်ဗျာ။ အဖွဲ့အတွက် လှုပ်ရှားတဲ့ ငွေစာရင်းက သိန်း ၄ဝ လောက် လိုငွေပြတယ်။ အဲဒါတွေ ကုန်ကျထားတယ်။ အဲဒါငွေကို CEC အစည်းအဝေးကို တရားဝင် တင်ပြတာကို တာဝန်မယူဘူး။ ကိုယ်လုပ်တဲ့ ကိစ္စအတွက် ကုန်တဲ့ငွေကို ကိုယ်ခံဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်” ဟု စည်းရုံးရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ ကိုမျိုးသန့် မဇ္ဈိမကို ပြောသည်။

“တိုင်းအတွင်းမှာ လုပ်တဲ့ လုပ်ငန်းတချို့ကို ကျနော် မသိဘူး။ ဋ္ဌာနချုပ်နဲ့ ကျန်တဲ့ လူတွေနဲ့ ပေါင်းလုပ်သွားတယ်။ ကျနော် ဘာမှ မသိဘူး။ ဒေသခံ သတင်းအဖွဲ့အစည်းအသီးသီးက ကျနော့်ကို မေးတယ်။ ကျနော် ဘာမှ မသိတော့ မပြောနိုင်ဘူး။ အစည်းအဝေးတွေထဲ ကျနော် ပြောတယ်။ ကျနော်တို့အဖွဲ့ဟာာ ဒီမိုကရေစီအဖွဲ့ ဆိုပြီးတော့ အဖွဲ့တွင်းမှာ ဒီမိုကရေစီ မဆန်တော့ဘူး။ တင်ပြတဲ့ဟာကိုလည်း ပုတ်ချတယ်။ CEC တယောက်ရဲ့ အဆိုပြု တင်ပြချက်ကို ခင်ဗျားတို့ လိုက်လျောညီထွေ ဆွေးနွေးမှု မရှိဘူးဆိုရင် အကျိုးမရှိတော့ဘူး ဆိုပြီး ဆွေးနွေးခဲ့တယ်” ဟု သူက ဆိုသည်။




အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အပါအဝင် အတိုက်အခံများက ပယ်ချထားသော အခြေခံဥပဒေကို ကျင့်သုံးမည့် ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းသာလျှင် နိုင်ငံရေး ထွက်ပေါက်ဟု ယူဆထားသူ အနည်းစုတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်လည်း ပါဝင်သည်။

နုတ်ထွက်သူ တိုးလာနေသည့် အဖွဲ့၏ ပခုက္ကူခရိုင် - မြို့နယ် ဆိုင်းဘုတ် ၂ ခုကို ယခုအခါ ပြန်လည် ဖြုတ်ချလိုက်ကာ တသီးပုဂ္ဂလအဖြစ် ရပ်တည်သွားမည်ဟု ကိုမျိုးသန့်က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် (ပခုက္ကူခရိုင်- မြို့နယ်) ၏ ဆိုင်းဘုတ် ၂ ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁ ရက်နေ့ကမှ တင်ခဲ့သည်။


source by :မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */