အက်ႌ ချွတ်ပြီး ယာဉ်မမောင်းရ၊ ရန်ကုန်တွင် အမိန့်ထုတ်

Thursday, August 27, 2009 ·

ဟိန်းဇော် | ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ် မောင်းသမားများနှင့် အနှေးယာဉ် မောင်းသမားများသည် မြို့တော် အင်္ဂါရပ်နှင့် မညီညွတ်သည့် အမြင်မလျော်ဖွယ် ဝတ်စားဆင်ယင်ခြင်းသော် လည်းကောင်း၊ အင်္ကျီချွတ် ၍သော် လည်းကောင်း မောင်းနှင်ပါက ငွေ ကျပ် ၂၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ရိုက် အရေးယူခံရမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ မကြာသေးခင်က အမိန့်ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ကို အဆင့်မြင့်မြို့တော်နှင့် သန့် ရှင်းသာယာလှပသည့် ဥယျာဉ်မြို့တော်အဖြစ်တည်ဆောက်နိုင်ရေး အတွက် အထောက်အကူ ဖြစ်စေရန်၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများ အချိန်နှင့်တပြေးညီအကောင်အထည် ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ အမိန့်ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်ကို YCDC မှ ရန်ကုန်မြို့တော်သန့် ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ ဖွဲ့ စည်း၍ အမှတ်(၁/၂၀၀၉) အရ စီမံချက် တစ်ရပ် အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည် ဟု YCDC သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အထက်က ညွှန်ကြားလို့ လုပ်ရတာပါ။ စည်းကမ်း ဖောက်ဖျက်တဲ့ သူတွေကို ကျနော်တို့ အနေနဲ့ လိုက်ကြည့်နေလို့ မရဘူးလေ”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ရှိ တရားရုံးချုပ်ရှေ့ နေတစ်ဦးကမူ“အင်္ကျီချွတ်နဲ့ ကားတို့ ၊ အနှေးယာဉ် ဆိုက္ကား တို့ကို မမောင်းရဘူး ဆိုတဲ့အချက်က စည်ပင်ဥပဒေနဲ့ မဆိုင်ပါဘူး။ ဒီလိုလုပ်တာဟာ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ချိုးဖောက်ခံရ တာနဲ့ အတူတူပါပဲ”ဟု ဆိုသည်။

YCDC စည်ပင် ဝန်ထမ်းဟောင်း တဦးကလည်း ယခင်က ယခုကဲ့သို့ အမိန့်မျိုးမထုတ်ဘူးကြောင်း၊ မြို့တော် သာယာလှပရေးအတွက် လမ်းများကောင်းမွန်စေရန် ဦးစွာ ဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။

ယခု ထုတ်ပြန်သော အမိန့်အမှတ်( ၁/၂၀၀၉)တွင် တခြားသော စည်းကမ်းချက်များ ဖြစ်သည့် ယာဉ်များတွင် စာတန်းများရေးသားခြင်း၊ စတေကာ ကပ်ခြင်းများ မပြုလုပ်ရ။ ကားဂိတ် ကားမှတ်တိုင် များတွင် ခရီးသွားရန် မဟုတ်ဘဲ လဲလျောင်း အိပ်စက်ပါက ဒဏ်ငွေ ကျပ် ၂၀၀၀ မှ ၁၀၀၀၀ ။ အများပြည်သူ ဆိုင်ရာ ခြံစည်းရိုး နံရံများ၊ မြေသား နံရံများ၊ အုတ်တံတိုင်းများ၊ အဆောက်အဦများ၊ အဆောက်အဦ နံရံများတွင် ဆေးများဖြင့် ရုပ်ပုံ ရေးဆွဲ ခြင်း၊ ညစ်ညမ်းစေခြင်းတို့ကိုပြုလုပ်ပါက ဒဏ်ငွေ ၅၀၀၀ ကျပ်မှ ကျပ် ၁၀၀၀၀ အထိ ဒဏ်တပ် အရေးယူမည် ဟု လည်း ပါရှိသည်။

ယင်းအမိန့်အရ စည်းကမ်းမဲ့အပေါ့အလေးစွန့် ပါက ကျပ် ၅၀၀၀ မှ ကျပ် ၁၅၀၀၀ အထိ၊ ကွမ်းတံတွေး ထွေးခြင်း၊ အညစ်အကြေး စွန့် ခြင်း ပြုပါက ကျပ် ၁၀၀၀၀ ဒဏ်ငွေ ပေးဆောင် ရမည် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း တရားဝင် တပ်ဆင်ထားသော ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ အခြားသော စကားရပ်များ ဖြည့်စွက် ရေးသားခြင်း၊ အရောင်ခြယ်ခြင်း တို့ကို ပြုလုပ်ပါက ဒဏ်ငွေ ကျပ် ၁၀၀၀၀ ပေးဆောင် ရမည် ဖြစ်ကြောင်းလည်း အမိန့်က ဆိုထားသည်။

ပြီးခဲ့သည့် လအတွင်း ကလည်း ကျောက်တံတား မြို့နယ် မယက မှ နောက်ဖေး လမ်းကြားနှင့် ရေမြောင်း များတွင် အမှိုက် မစွန့်ပစ်ရန် အမိန့် ထုတ်ပြန် ခဲ့သေးသည်။ ရေမြောင်းများ၊ မြေအောက် ရေမြောင်းများ၊ သဘာဝ အလျောက် ဖြစ်ပေါ် နေသော ရေမြောင်းများ ရေစီးရေလာ အနှောင့်အယှက်ဖြစ်ပေါ်စေပါက ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ဒဏ်ငွေ ရိုက်မည် ဟု ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */