ကိုးကန့် နယ်မြေတွင် ဒုတိယမြောက်နေ့ တိုက်ပွဲဖြစ်

Friday, August 28, 2009 ·

ခိုင်လင်း | ယနေ့နံနက် (၃) နာရီမှစ၍ ကိုးကန့်နှင့် ဝနယ်မြေနယ်စပ် နမ့်တင်းချောင်းတလျှောက်နှင့် ကိုးကန့်နယ်တခုလုံးတွင် တိုက်ပွဲ ပြန်ဖြစ်နေသည်။

ချင်းရွှေဟော်အနီး တောင်ကုန်းမှ ယမန်နေ့ညက ဆုတ်ခွာသွားသည့် ကိုးကန့်တပ်ဖွဲ့များက ယခုအခါ နယ်စပ်တောင်ကုန်းများပေါ်မှ နေရာယူကာ ချင်းရွှေဟော်အနီး နအဖတပ်များ ရှိရာကို ပစ်ခတ်နေသကဲ့သို့ နအဖတပ်များကလည်း ပြန်ပြီးတိုက်နေသည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “အခုထိ ချနေတုန်းပဲ။ ဒီကိုးကန့်တပ်ဘက်က စချတာ။ မနက် သုံးနာရီလောက်ကနေ တိုက်ပွဲတွေဖြစ်နေတာ။ အဓိကတော့ လက်နက်ကြီးတွေပဲ သုံးတယ်။ အကျအဆုံးတော့ သိနိုင်ဦးမှာ မဟုတ်ဘူး။ ပြောနိုင်တာက ဒီနေ့ မနက်ကတည်းက စချတယ်။ အခု ညနေ (၃) နာရီခွဲအထိ တိုက်ပွဲနေရာအနှံ့မှာ ဖြစ်နေတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း ကိုးကန့်နယ်မြေအတွင်း ရဲစခန်းအပါအ၀င် နေရာ (၄) ခုတွင် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ချင်းရွှေဟော်တိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့က (၂) ဦး ဒဏ်ရာရကာ တောင်ကုန်းအား ဆုတ်ပေးခဲ့ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ပထမဆုံး ငြိမ်းချမ်းရေးလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်သည် အနှစ် (၂ဝ) ကြာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားရာမှ ယမန်နေ့မှစတင်၍ ပြန်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */