ကိုးကန့် နယ်မြေ အတွင်း တိုက်ပွဲများ နေရာ အနှံ့ဖြစ် တရုတ်နိုင်ငံသား အချို့ ထိခိုက် သေဆုံးမှုရှိ

Friday, August 28, 2009 ·

ခိုင်လင်း | ယမန်နေ့ ညနေ (၃) နာရီကျော်မှစ၍ ည (၇) နာရီခန့်အထိ ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့် နယ်မြေ အတွင်း နအဖတပ်များနှင့် ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့အကြား အနည်းဆုံး တိုက်ပွဲ (၃) ခု ဖြစ်ပွားခဲ့သည်။

လောက်ကိုင်မြို့ဈေး အတွင်းတွင် လည်းကောင်း၊ ချင်းရွှေဟော် အနီးတွင် လည်းကောင်း၊ လောက်ကိုင်မြို့ အထက်ပိုင်း ပန်ခါးနှင့် မူကွာကျိုက် ကျေးရွာဘက်တွင်လည်းကောင်း ဖြစ်ပွားခဲ့ပြီး ချင်းရွှေဟော်အနီးတိုက်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်ကာ နအဖဘက်က ထိခိုက် ကျဆုံးမှုများ နိုင်သည်ဟု ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူ နယ်စပ် ဒေသခံ တဦးက ပြောသည်။

၎င်းက “လောက်ကိုင် ဈေးထဲမှာလည်း ဖြစ်တယ်၊ အပြန်အလှန် ပစ်တာပေါ့။ အဓိကဖြစ်တာက ချင်းရွှေဟော်နားမှာ ဖြစ်တာ။ ကိုးကန့် တပ်တွေ ထိုင်ထားတဲ့ တောင်ကုန်းကို နအဖဘက်က တက်ထိုးတာ။ သူတို့က အရင်စပစ်တာ။ သူတို့ဘက်က အထိအခိုက် အကျဆုံးတော့ မသိပေမယ့် များနိုင်တယ်၊ သူတို့က တက်ထိုး တာဆိုတော့။ ဒီဘက်က ဒဏ်ရာ နည်းနည်းပါးပါးရတာ (၂) ယောက်ပါပဲ။ ကျဆုံးသူမရှိပါဘူး။ အဲဒီတောင်ကုန်း ကနေ ကိုးကန့်တပ်တွေ ဆုတ်ပေးလိုက်ရတယ်” ဟု ပြောသည်။

တဖက်တရုတ်နိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လူသူမရှိတော့သည့် ကိုးကန့်ကျေးရွာများအား နအဖစစ်သားများက ဝင်ရောက်ကာ ပစ္စည်းများနှင့်အစားအသောက်များ မွှေနှောက်ယူနေသည်ကို သိရှိသည့် ကိုးကန့်တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ရာမှ တိုက်ပွဲဖြစ်ခဲ့သည်ဟု အဆိုပါ ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

၎င်းက “ပန်ခါး၊ မူကွာကျိုက်ဘက်မှာ နအဖတပ်တွေက အိမ်တွေကိုဖောက်ပြီး ဟိုပစ္စည်းယူ၊ ဒီပစ္စည်းယူ လုပ်နေတာကို ဒီဘက်က တပ်ရင်း (၄) က ဝင်ရှင်းရင်းနဲ့ဖြစ်တာ။ အထိအခိုက်တွေတော့ ဒီဘက်က မရှိဘူး။ ရွာတွေအားလုံးလောက်က လူမရှိတော့ဘူး။ တချို့လည်း ဝနယ်ဘက်ကို သွားပြီ။ တချို့လည်း တရုတ်ဘက်ကမ်း ကူးသွားပြီဆိုတော့ အိမ်ကို သော့ခတ်ပြီး ပစ်ထားခဲ့တာ။ အဲဒါတွေကို နအဖတပ်တွေက ဝင်မွှေပြီး လုပ်ချင်သလို လုပ်နေကြတာ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်နေစဉ်အတွင်း နအဖဘက်မှပစ်သော အမြောက်ကျည်ဆန်အချို့ လောက်ကိုင်မြို့ တဖက်ကမ်း တရုတ်ပြည်၊ ကျိန်ခန်းမြို့နယ်အတွင်းက ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ရာ တရုတ်ကျေးရွာသား (၁) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရသွားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယမန်နေ့ မနက်ပိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံဖြတ်ကူးသည့် ရန်လုံကျိုက်နယ်စပ်ဂိတ် ရဲစခန်းကို ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ညနေပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကြောင်း၊ အဆိုပါတိုက်ပွဲ တွင် ကိုးကန့်တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုထားသည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ဝစစ်သားများပါ လာရောက် တိုက်ခိုက်နေသည်ဟု သတင်းများလည်း ပေါ်ထွက်နေသည်။

၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက် ပြီးနောက် မြန်မာစစ် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ထိန်းချုပ်ရာ ဒေသ အတွင်း အနှစ် (၂ဝ) ကျော်ကြာ တိုက်ပွဲများ ရပ်ဆိုင်းထားရာမှ ယမန်နေ့က စတင် တိုက်ခိုက် လာခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */