ရန်ကုန်မြို့ အဆင့်မီမြို့တော်ဖြစ်ရေး ဒိုင်နာကားလိုင်းများ မြို့ပြင်ထုတ်ပြေးဆွဲမည်

Monday, August 31, 2009 ·

မျိုးချစ်သူ | ရန်ကုန် မြို့တွင်းသို့ ပြေးဆွဲနေသော ဒိုင်နာ ခရီးသည်တင် ယာဉ်လိုင်းများကို မြို့ပြင် ထုတ်မည် ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင် ယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့ကို အဆင့်မီမြို့တော် ဖြစ်စေရေး အတွက် ပြေးဆွဲနေသော ယာဉ်အားလုံးကိုလည်း အဆင့်မီ ဖြစ်စေရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ဌာနမှ ပြောသည်။

မြို့ပြင် ထုတ်မည့် ဒိုင်နာကားများမှာ (၁၀၇၊ ၁၀၅၊ ၉၇၊ ၁၀၂) စသည်တို့ ဖြစ်ပြီး စုစုပေါင်း ယာဉ်စီးရေ (၁,၈၀၀) ကျော်ရှိကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးဌာန စာရင်းများအရ သိရသည်။

“ဒီနှစ်ဆန်းပိုင်းက စစ်ကျန် ဘတ်စ်ကားတွေကို မြို့ပြင်ထုတ်တာမျိုး၊ အခု ဒိုင်နာတွေကို မြို့ပြင် ထုတ်မှာဖြစ်တယ်။ ကျနော်က (၁၀၅) ဒိုင်နာ ယာဉ်လိုင်းမှာ ကား (၅) စီး လိုင်းဝင်ထားတယ်။ (၁၀၅) ကားကတော့ တွက်ခြေကိုက်တယ်။ တကြောင်းကို ဘယ်လောက် ပေးဆိုပြီးတော့ ငှားလိုက်တာပဲ။ ယာဉ်မောင်းနဲ့နောက်လိုက် (စပါယ်ယာ) ကတော့ သူတို့ရအောင် ရှာပေါ့လေ။ အခုလို မြို့ပြင် ထုတ်မယ် ဆိုတော့ ဘယ်လို ဖြစ်လာဦး မလဲတော့ မသိဘူး။ သေချာတာက စီးပွးရေးတော့ လုံးဝတွက်ခြေ ကိုက်နိုင်တော့မှာ မဟုတ်ဘူး” ဟု (၁၀၅) ယာဉ်ပိုင်ရှင်တဦးက ပြောသည်။

(၁၀၅) ဒိုင်နာယာဉ် အမျိုးအစားမှာ (၃) မျိုးရှိပြီး စုစုပေါင်း စီးရေ (၂၀၀) ကျော်ခန့်ရှိကြောင်း အဆိုပါယာဉ်လိုင်း၏ စာရင်းများ အရ သိရသည်။

ဒိုင်နာယာဉ်လိုင်းများတွင် ပိုင်ရှင်နှင့်ညှိကာ ယာဉ်မောင်း ကြေးပုတ် ပြတ်ငှား၍ ယဉ်မောင်းနှင့် နောက်လိုက် တို့က ၎င်းတို့ချင်း သဘောတူ ထားသည့် နှုန်းဖြင့် မောင်းကြသော စနစ် ဖြစ်ကြောင်း သိရသည်။

“အခုလို မြို့ပြင် ထုတ်မယ် ဆိုတော့ ခရီးစဉ်က ပိုရှည်သွားမယ်။ ခရီးသည်က အခုလို မြို့တွင်း ပြေးနေတာမျိုး မရနိုင်တော့ဘူး။ ခေါက်ရေ နည်းသွားမယ်၊ တွက်ခြေ မကိုက်တော့ဘူး။ ယာဉ်မောင်းကြေး ပိုပေးလာရမယ်။ ခရီးသည်တွေ အတွက်လည်း ငွေ ပိုကောက်တာတွေ ဖြစ်လာနိုင်တယ်။ နောက်ဆက် တွဲတွေကတော့ အများကြီးပဲ” ဟု ယာဉ်မောင်းတဦးက ပြောသည်။

ယခုနှစ် မကုန်မီတွင် ဒိုင်နာ ခရီးသည်တင် ယာဉ်လိုင်းများကို မြို့ပြင် ထုတ်မည့် အစီအစဉ်ကို အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

“၂၀၁၀ ခုနှစ် နှစ်စပိုင်းမှာ အဲဒီကားတွေ အားလုံး မြို့ပြင်ကို အရောက်ပို့မယ်။ နေရာတွေ၊ လမ်းကြောင်း တွေတော့ မလုပ်ရသေး ဘူး။ မြို့ပြင် ထုတ်မယ့် ကားတွေ နေရာမှာ အစားထိုးမယ့် ယာဉ်တွေကိုလည်း စီစဉ်ရဦးမယ်။ စီးတီး ဘတ်စ်ကားကြီး တွေကို အစားထိုး သွားမှာ ဖြစ်တယ်” ဟု အနောက်ပိုင်း ခရိုင် ယာဉ်လိုင်း၏ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်တိုင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေး လုပ်ငန်း ကော်မတီက ယာဉ်စီးခ နှုန်းများကိုလည်း သီးသန့် သတ်မှတ်၍ ကောက်ခံစေရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အမည် မဖော်လိုသူ အရာရှိ တဦးက ပြောသည်။

ရန်ကုန်တွင် လက်ရှိ ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း (၁၄) ခုခန့်ရှိပြီး မထသသည် ယာဉ်စီးရေ အများဆုံး ပိုင်သော လိုင်းတ လိုင်းဖြစ်ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */