အမှိုက်မပစ်ရ ဥပဒေ တယက ထုတ်ပြန်

Tuesday, August 18, 2009 ·

မျိုးချစ်သူ | ရန်ကုန်မြို့တွင်း မြို့နယ်များတွင် နောက်ဖေး လမ်းကြားသို့ အမှိုက်မပစ်ရဟု ပုဒ်မ (၁၈၈) ဖြင့် ဥပဒေ ထုတ်ပြန် တားမြစ် လိုက်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

အဆိုပါပုဒ်မ (၁၈၈) ဖြင့် တားမြစ်မိန့် ထုတ်ပြန်ခြင်းကို ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) ၏ အမိန့်ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ယခု ထုတ်ပြန်သော တားမြစ်ပုဒ်မ (၁၈၈) အရ မည်သည့်အမှိုက်မျိုးကိုဖြစ်စေ တစုံတယောက်က စွန့်ပစ် ထားကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရယက အဖွဲ့ဝင်များထံသို့ အကြောင်းကြား ရမည်ဖြစ်ပြီး အကြောင်းမကြားပါက အဆိုပါအမှိုက်နှင့် အနီးစပ်ဆုံးအခန်းတွင် နေထိုင်သူများ၌ တာဝန် ရှိသည်ဟု ယူဆမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းသို့ လိုက်နာမှုမရှိပါက ဒဏ်ငွေ (၁၀,၀၀၀) ကျပ် ပေးဆောင်ရမည်ဟု တရားဝင် လိုက်လံကြေညာထားကြောင်းလည်း သိရသည်။

ကျောက်တံတား မြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးက အမှိုက်များကို နေရာတကျ စွန့်ပစ်ရန် ပြောဆိုသည်ကို လက်ခံကြောင်း၊ သို့သော် ရပ်ကွက်တွင်း အမှိုက် စွန့်ပစ်ရန် သီးသန့်ထားသည့် နေရာများတွင် အမှိုက်များ စုပုံနေသည်ကို သိမ်းဆည်းမှု မရှိသည်မှာ စည်ပင်၏ တာဝန် လစ်ဟင်းမှု ဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။

၎င်းက “ခေါင်းလောင်းတီး စနစ်နဲ့ အမှိုက်သိမ်းတာကိုလည်း မတွေ့ရတော့တာ ကြာပါပြီ။ အမှိုက်ကား လာကိုမလာဘူး။ အမှိုက် ပစ်ပါ ဆိုတဲ့နေရာမှာ လူတွေက သွားပစ်တော့လည်း လာမသိမ်းဘူး။ အခုလည်း အမှိုက်များ မပစ်ရဘူးဆိုပြီးတော့ ဥပဒေတွေ ထုတ်တဲ့အထိ ဖြစ်လာတယ်” ဟု ပြောသည်။

ရန်ကုန် စည်ပင်သာယာက အမှိုက်သိမ်းစနစ်ကို ပြီးခဲ့သည့်နှစ်တွင် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်း ချထားပေးသော်လည်း ယခုအခါ စည်ပင်က ပြန်လည် ကိုင်တွယ် လုပ်ဆောင်နေပြီး အမှိုက်သိမ်းမည့် ၀န်ထမ်း အင်အားမှာ မြို့နယ်အလိုက် မပြည့်မီသဖြင့် အမှိုက်သိမ်းစနစ်ကို သေချာစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်း စည်ပင် ၀န်ထမ်း တဦးက ပြောသည်။

ရန်ကုန်မြို့နယ်များအတွင်း အထပ်မြင့်တိုက်တို့တွင် နေထိုင်သူ လူဦးရေ တနှစ်ထက်တနှစ် များပြားလာပြီး ရန်ကုန်မြို့၏ လူဦးရေ (၆) သန်းနီးပါးတွင် မြို့တွင်း၌ ၀င်ထွက်သွားလာနေထိုင်သူဦးရေမှာ တ၀က်ကျော်ရှိကြောင်း ရန်ကုန်တိုင်း လူဝင်မှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လူဦးရေများလာပြီး အမှိုက်စွန့်ပစ်စနစ်ကို သေချာစွာမဆောင်ရွက်နိုင်သည့်အတွက် ရန်ကုန်မြို့တွင်းရှိ တိုက်ကြားများတွင် အမှိုက်များ ပွစာတက်နေသဖြင့် တိုက်ကြားရှိ အမှိုက်များ ရှင်းလင်းရေးဟုဆိုကာ တိုက်ခန်းတခန်းလျှင် ကျပ် (၃,၀၀၀) ဖြင့် ကြံ့ဖွံ့ရုံး တာဝန်ရှိ သူများကလည်း လိုက်လံကောက်ခံကာ သန့်ရှင်းရေး လုပ်သားများ ငှားရမ်းရှင်းလင်းကြရသည်ဟု ဆိပ်ကမ်းသာ လမ်းတွင် နေသူတဦးက ပြောသည်။

ရန်ကုန် စည်ပင် နယ်နိမိတ် အတွင်း မြို့နယ် (၃၃) မြို့နယ်မှ နေ့စဉ် အမှိုက်တန်ချိန် (၁,၅၀၀) ကျော်ထွက်ရှိပြီး အမှိုက်သိမ်းသော ပုံစံကို နေ့စဉ် ညနေ (၆) နာရီမှ နောက်နေ့ နံနက် (၆) နာရီထိ ပြုလုပ်ကြောင်း ပြည်တွင်း သတင်း ဂျာနယ်များမှ တဆင့် စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန် ပေးထားကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */