ချေးငွေ တဝက် ပြန်ဆပ်ရန် ဆားလုပ်ငန်းရှင်များကို နှိုးဆော်

Friday, August 21, 2009 ·

နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ဆားလုပ်ငန်းရှင်များကို အစိုးရချေးငွေ၏ ထက်ဝက်ကို ယခုလအတွင်း ပြန်ဆပ်ကြရန် နှိုးဆော်နေပြီ ဖြစ်သည်။

ဟိုင်းကြီးကျွန်းတဖက်ကမ်း သက်ကယ်တောင် ရွာနေ ဆားလုပ်ငန်းရှင် များအား ပြီးခဲ့သည့် နှစ်အတွင်းက အစိုးရဘဏ်များမှ ချေးယူခဲ့သည့် ချေးငွေများအနက် ထက်ဝက်ကို ယခုလအတွင်း ပြန်လည် ပေးဆပ်ရန် နှိုးဆော် ထားကြောင်း ဆားလုပ်ငန်းရှင်များက မဇ္စျိမကို ပြောဆိုကြခြင်း ဖြစ်သည်။

“အကြွေးယူထားတာ တနှစ်မပြည့်သေးပါဘူး။ အခု စပြီး တောင်းနေပြီ။ ကျနော်တို့အထဲမှာတော့ လှုပ်လှုပ်တော့ ဖြစ်တာပေါ့ဗျာ။ ခက်တာက အခုထိ လူ ၁၀၀ မှာ ၅၀ က မပေးနိုင်သေးဘူး။ ကျနော်ကိုယ်တိုင်က ကျပ်သိန်း ၁၁၇ သိန်း ချေးထားတာ။ ၅၅ သိန်း ရှာမရသေးဘူးခင်ဗျ။ အဲဒါ တခြားပစ္စည်းတွေ ရောင်းထုတ်ပြီး ဆပ်မလို့ လုပ်နေတာ” ဟု ဆားလုပ်ငန်းရှင် ဦးသိန်းသန်းထွန်းက မဇ္စျိမကို ပြောသည်။

၂၀၀၈ မေလ ၂-၃ ရက်နေ့တွင် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဧရာဝတီတိုင်းရှိ ဆားလုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်ရေးအတွက် သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ၊ မြန်မာ့ဆားလုပ်ငန်းက အာမခံပေးကာ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များဖြစ်သည့် ကမ္ဘောဇ၊ မြဝတီ၊ မွေးမြူရေး၊ စက်မှုလက်မှု စသည့် ဘဏ်များက ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။

၂ နှစ် အတွင်း အရစ်ကျ စနစ်ဖြင့် ၂ ကြိမ် ပေးဆောင် ရမည် ဖြစ်ပြီး၊ ပထမနှစ်တွင် ချေးငွေ၏ ထက်ဝက်ကို ပေးချေ၍ အတိုးနှုန်းများကို တနှစ်လျှင် ၁၅ ရာခိုင်နှုန်းဖြင့် ၃ လတကြိမ် ပေးသွင်းရန်လည်း သတ်မှတ် ထားသည်။

ဆားလုပ်ငန်းရှင်အများစုက ဆားကွင်းဖော်သည့်ရာသီ ကုန်ဆုံးပါက သဘာဝနည်းဖြင့် ပုဇွန်မွေးမြူခြင်းနှင့် မိုးစပါးစိုက်ပျိုးခြင်း လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်ကြသည်။

သို့သော် ယခုနှစ် ဆားကွင်းရာသီအတွင်း မတ်လနှင့် ဧပြီလအတွင်းက ဘင်ဂျလီ မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ရာ ဆားတွင်းများ ရေဝင်ကာ လုပ်ငန်းများ ရပ်နားခဲ့ရသဖြင့် ဆားလုပ်ငန်းရှင်များ အရစ်ကျ ငွေပေးချေရန် ခက်ခဲကြုံနေရခြင်း ဖြစ်သည်။

ထို့အတူ မိုးတွင်း ရာသီကာလ အတွင်း သဘာဝနည်းဖြင့် ပုဇွန်လုပ်ငန်း လုပ်ကိုင်ရာတွင် မိုးကြီးခြင်းနှင့် နေအပူရှိန် ပြင်းထန်မှုများကြောင့် ပုဇွန်များ သေကြေပျက်စီးကာ ငွေကြေးဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရကြောင်း ပုဇွန်လုပ်ငန်း ပူးတွဲလုပ်ကိုင်သူ ဆားလုပ်ငန်းရှင် ကိုသိန်းသန်းထွန်းက ပြောသည်။

“မိုးဆက်တိုက်ရွာပြီးတော့ ၇ ရက်လောက် နေတအားပြင်းပြန်တော့ ပုဇွန်တွေ သေတယ်။ ဂဏန်းဖမ်းတာလည်း အရင်တုန်းကလို မရပြန်ဘူး” ဟု သူက ပြောသည်။

သဘာဝနည်းအရ ပုဇွန်မွေးမြူရာတွင် ရွှံ့မြေပေါ်ရှိ မြေဧက အကျယ် တဧကတွင် ပတ်လည်မြောင်းတူးကာ တာဖို့ခြင်းဖြင့် ချောင်းများမှ ပုဇွန်၊ ငါးပေါက်များကို သွင်းယူကာ မွေးမြူကြသည်။

ပုဇွန်လုပ်ငန်း လုပ်ကိုင်ရာတွင် လုပ်အားခသည် တဧကလျှင် ကုန်ကျငွေ ကျပ် ၃ သိန်းအထိရှိပြီး၊ လုပ်နိုင်သည့် မြေဧကအလိုက် ဆားလုပ်ငန်းရှင်များက တနိုင်တပိုင် လုပ်ကိုင်နေကြသည်။

ချေးငွေများကို ယခုလို တောင်းဆိုလာသဖြင့် ဆားလုပ်ငန်းရှင် ထက်ဝက်ခန့်မှာ ငွေချေရန် မလုံလောက်သဖြင့် အချို့ဆားလုပ်ငန်းရှင်များက ငွေကြေးချောင်လည်သည့် လုပ်ငန်းရှင်တချို့ထံမှ ငွေကျပ် ၁၀၀ ကို ၅ ကျပ်အတိုးဖြင့် ထပ်မံချေးယူကာ အစိုးရကို ပြန်လည်ပေးသွင်းနေရသည်။

“ဒီလအတွင်း မပေးရင် ဘာလုပ်မယ်ဆိုတာမျိုး မပြောပေမယ့်၊ တခြားလူတွေဆီမှာ ငွေထပ်ချေးရတော့ အကြွေး ထပ်တင်တာပေါ့ဗျာ။ တချို့ဆိုရင် ငွေချေးပေးမယ့်သူတောင် မရှိဘူး” ဟု ပုဇွန်မွေးမြူရေး ဧက ၅၀ ကျော် လုပ်ကိုင်သူ တဦးက ပြောသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */