သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ

Wednesday, August 05, 2009 ·

ဝီရ | သံလွင်မြစ်တလျှောက် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကြောင့် ဒေသခံပြည်သူ တို့အပေါ် သက်ရောက်စေမည့် ဆိုးကျိုးများကို ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများ နှင့် အန်ဂျီအို တို့ထံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများမှ ယမန်နေ့က ဘန်ကောက်တွင် ဆွေးနွေးတင်ပြခဲ့သည်။

ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသများ၌ တည်ဆောက်မည့် သံလွင်မြစ်တလျှောက် ရေကာတာစီမံကိန်းများမှ စွမ်းအင် ထုတ်လုပ် ရာတွင် ကျရောက်မည့် ဆိုးကျိုးသက်ရောက်မှုများကြောင့် ထိုင်းအစိုးရအနေဖြင့် စီမံကိန်းအား ရပ်ဆိုင်းထားသင့်ကြောင်း တောင်းဆို ထားသည်။

အကယ်၍ တားဆီး၍ မရတော့လျှင်လည်း နေရာ ပြောင်းရွှေ့ခံရသည့် ပြည်သူများ အတွက် ကျေနပ် လောက်သော ထောက်ပံ့မှုများ ဦးစားပေး လုပ်ဆောင် သင့်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့များက ပန်ကြားထားသည်။

သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ ရလာမည့် လျှပ်စစ်စွမ်းအင်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံက အများဆုံးဝယ်ယူမည်ဖြစ်သည်။


ရှမ်းပြည်နယ်ရှိ တာဆန်းရေကာတာစီမံကိန်းကြောင့် ကိန်းခမ်းဒေသတွင် ကျန်ရှိနေသူ ဒေသခံပြည်သူ (၃,၀၀၀) ခန့်မှာ နအဖ စစ်အစိုးရ၏ ခြိမ်းခြောက်မှုကို အလူးအလဲခံစားနေကြရပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြရကြောင်း ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က “ဘဝဇာစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါအစီရင်ခံစာနှင့်ပတ်သက်၍ ပြောခွင့်ရသူ ကိုစိုင်းစိုင်းက “ဒီမရေရာ၊ မသေချာတဲ့အခြေအနေတွေကြားက ထိုင်းနိုင်ငံက တာဆန်းရေကာတာဆောက်ဖို့ ဘာကြောင့် အရှိန်အဟုန်တွေ တိုးမြှင့်လာရတာလဲ။ ဒီရေကာတာဟာ စစ်ဇုန်ထဲမှာရှိတယ်။ စစ်အစိုးရရဲ့တပ်တွေကလည်း ရွာသားတွေကို ဒီနယ်မြေအတွင်းက ထွက်သွားအောင် အတင်းအဓမ္မ မောင်းထုတ်နေတယ်။ ရွာသားတွေ ထိုင်းနိုင်ငံကို ထွက်ပြေးလာကြတယ်။ အကယ်လို့ တာဆန်းရေကာတာကြီး ဆောက်လုပ်ဖြစ်သွားခဲ့ရင် ရွာသားတွေ သူတို့ရဲ့ဌာနေရင်းကို ဘယ်တော့မှ ပြန်နိုင်တော့မှာမဟုတ်ဘူး” ဟု ပြောကြားသည်။

စီမံကိန်းတည်ရှိရာ မိုင်းပန်မြို့နှင့် မိုင်းတုံမြို့နယ် ဒေသတဝိုက်ရှိ လူ (၁၅,၀၀၀) ခန့်သည် လွန်ခဲ့သည့် (၁၀) နှစ်ခန့်ကပင် အတင်းအဓမ္မ နေရာပြောင်းရွှေ့ခံခဲ့ရပြီးဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ တင်ပြချက်များအား လက်ခံစဉ်းစားနိုင်ရန် ထိုင်းအစိုးရက စုံစမ်းစစ်ဆေးရေးကော်မတ်ီတရပ် ဖွဲ့စည်းရန် အတည်ပြုပြီဖြစ်ကြောင်း သိရသည်။

တာဆန်းရေကာတာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ တရုတ် ကွမ်ကျူဘ ကုမ္ပဏီက (၅၁) ရာခိုင်နှုန်း၊ ထိုင်းအမ်ဒီအက်က (၂၄) ရာခိုင်နှုန်းနှင့် ကျန်ရှိသည့် (၂၅) ရာခိုင်နှုန်းမှာ မြန်မာဘက်မှဖြစ်ကြောင်း ရှမ်းပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းခေးစိုင်းက ရှင်းပြသည်။

၎င်းက “ဒီတာဆန်းရေကာတာက ရလာမယ့်စွမ်းအင်တွေကို ထိုင်းဆီမှာ အများဆုံးတင်ပို့မယ်။ ဝေစုကျတော့ ရှယ်ယာ ဝင်ထားတဲ့ အတိုင်းပဲ ရကြမယ်ပေါ့” ဟု ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ (၅) ခုအနက် တာဆန်းရေကာတာသည် လျှပ်စစ်ဓာတ်အား မီဂါဝပ် (၇,၀၀၀) ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာတွင် အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်သည်။

ပြီးခဲ့သည့်လက စစ်အစိုးရနှင့် ဒီကေဘီအေတို့၏ ထိုးစစ်ဆင်မှုကြောင့် ဆုံးရှုံးသွားရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တပ်မဟာ (၇) နယ်မြေမှ ဟတ်ကြီးရေကာတာ စီမံကိန်းကြောင့် မြစ်ကြောင်းတလျှောက် နေထိုင်သူ ကရင်ပြည်သူတို့အပေါ် ဆိုးကျိုး သက်ရောက်မှုများကိုလည်း ဆွေးနွေးပွဲသို့ ကေအန်ယူကိုယ်စားလှယ်အဖြစ် တက်ရောက်သူက ဆွေးနွေးတင်ပြခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */