အပစ်ရပ် လက်နက်ကိုင် ၄ ဖွဲ့ စစ်ရေးမဟာမိတ် ဖွဲ့စည်းပြီးဖြစ်

Friday, August 14, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်နေတသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့က စစ်အစိုးရမှ စစ်ရေးအရ ဖိအားပေးလာလျှင် ပူးပေါင်း စစ်ဆင်ရေး ဆင်နွှဲနိုင်ရန် မဟာမိတ်အဖွဲ့ကို ပြီးခဲ့သည့် လပိုင်းကတည်းက ဖွဲ့စည်းခဲ့ကြောင်း ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ပြောသည်။

နအဖ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသော ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) ၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာနိုင်ငံ လူမျိုးစုများ မဟာမိတ် တပ်ပေါင်းစု (ကိုးကန့်) MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ National Democracy Alliance Army တို့ ဖြစ်သည်။

“အရင်ကတည်းကနေ အတူနေကြတယ်ဆိုတော့ သဘောတူထားကြတာ။ ၂ လလောက် ရှိသွားပြီထင်တယ်။ ဒါတွေအားလုံးက ကျနော်တို့ ဖန်တီးယူတာ မဟုတ်ဘူး။ ကျနော်တို့က စစ်ပွဲကို မလိုလားတော့ဘူး။ ငြိမ်းချမ်းချင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ် ရမှာဘဲ။ သဘော တူထားတယ် ဆိုတော့ ဘယ်သူဘဲ ကြည့်ကြည့် စည်းလုံး ညီညွတ်တာပဲလေ” ဟု UWSA မှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အဖွဲ့ ၄ ဖွဲ့အနက် တဖွဲ့ဖွဲ့က နအဖနှင့် အပစ်အခတ် ရပ်စဲရေး ပျက်သွားပါက ကျန်ရှိသည့် အဖွဲ့များကလည်း အပစ်အခတ် ရပ်စဲမှု ပျက်ပြယ်သွားမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့၏ သဘော တူညီချက်တွင် ပါရှိကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ မဟာမိတ် ဖွဲ့စည်းခြင်းသည် အခြေခံအားဖြင့် အမျိုးသားရေး ရည်မှန်းချက်များ တူညီနေသည့်အပြင် နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေး အတွက် စစ်အစိုးရ၏ ဖိအားပေးခံနေရမှုလည်း တူညီနေသဖြင့် ဖြစ်နိုင်သည်ဟု တရုတ်နယ်စပ်ရှိ မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော်က ပြောသည်။

“နယ်စပ်ဒေသမှာ အခြေခံအားဖြင့် တူညီတဲ့ ဗဟိုလုပ်ငန်းတွေ ရှိတယ်။ တူညီတဲ့ အမျိုးသားရေး ရည်မှန်းချက်တွေ ရှိကြတယ်။ တယောက်ကို တယောက် တခုခု ဖြစ်လာမယ် ဆိုရင် အပြန်အလှန် ကူညီကြမယ်ဆိုတဲ့ အခြေခံ နားလည်ထားတာတွေ ရှိတယ်။ စာချုပ်ချုပ်ထားတယ် ဆိုတာထက် အခြေခံအားဖြင့် တူညီတာတွေ အများကြီး ရှိတာကိုး။ သူတို့ရဲ့ စစ်တိုက်ခဲ့တဲ့ သက်တမ်းတွေ ကလည်း တူညီနေတဲ့အခါကျတော့” ဟု သူက ပြောသည်။

ယခု ၄ ဖွဲ့က နယ်ခြားစောင့် တပ်ကိစ္စကို ငြင်းဆိုထားသော်လည်း ကချင် ဒီမိုကရက်တစ် တပ်မတော် (NDAK) သည် ပြီးခဲ့သည့် ဇွန်လပိုင်းတွင် စစ်အစိုးရ၏ အဆိုပြုချက်ကို လက်ခံခဲ့သည်။

ယခု မဟာမိတ် ပြုခဲ့ကြသော အပစ်ရပ်အဖွဲ့အတွင်း၌ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSA-N) လည်း ပါဝင်ပြီး စုစုပေါင်း ၅ ဖွဲ့ ဖြစ်လာပြီ ဟု သတင်းများလည်း ထွက်ပေါ်နေသော်လည်း ဝ’ တပ်မတော် ခေါင်းဆောင်ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိရသေးကြောင်း ပြောသည်။

ယခု စစ်ရေး မဟာမိတ် ၄ ဖွဲ့အနက် MNDAA ၏ ဥက္ကဋ္ဌ ဖြစ်သူ နေအိမ်သို့ ဒေသခံ စစ်တပ်နှင့် ရဲများက မူးယစ်ဆေးဝါး ရှာဖွေမည်ဟု ဆိုကာ ယခုလ ၈ ရက်နေ့တွင် ဝင်ရောက်ခဲ့သေးသည်။

၁၀ ရက်နေ့တွင် ထိုကိစ္စနှင့် ပတ်သက်၍ MNDAA ကိုးကန့် အထူးဒေသ (၁) ခေါင်းဆောင်များသည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် လောက်ကိုင်တွင် ဆွေးနွေးခဲ့ရာ ပြေလည်မှု မရခဲ့သောကြောင့် နောက်တရက်မှ စတင်ကာ MNDAA သည် စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်လာခဲ့သည်။

UWSA ဝ တပ်ဖွဲ့အင်အား ၁၀၀၀ ခန့်သည် ကိုးကန့် တပ်ဖွဲ့အား ကူညီရန် အတွက် စေလွှတ် ထားကြောင်း သိရသည်။

ကိုးကန့်အဖွဲ့နှင့် နအဖစစ်တပ်အကြား တင်းမာမှုကြောင့် ဒေသခံ တသောင်းကျော် တရုတ်ပြည်ဘက်ခြမ်းသို့ တိမ်းရှောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တရုတ် အရာရှိများ အကြား ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဆွေးနွေးမှုတခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */