ရန်ကုန်တွင် လုံခြုံရေးများ တိုးမြှင့်ချထား

Friday, August 07, 2009 ·

မျိုးချစ်သူ | မနက်ဖြန်သည် ရှစ်လေးလုံး အရေးတော်ပုံကြီး (၈-၈-၈၈) ဖြစ်ပွားခဲ့သည်မှာ (၂၁) နှစ်ပြည့် မြောက်သောနေ့ ဖြစ်သည့်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

သြဂုတ် (၆) ရက်နေ့မှ စတင်၍ ရန်ကုန်မြို့လယ် ဆူးလေ ဘုရားနှင့် မြို့တော် ခန်းမရှေ့တို့တွင် သံဆူးကြိုး များကို အရန်သင့်ချ ထားကြောင်း ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနေ ပြည်သူတဦးက ပြောသည်။

“သတင်းရထားတာလားတော့ မသိဘူး။ ရန်ကုန်မှာကတော့ ရှစ်လေးလုံးနေ့ရောက်တိုင်း ပြည်သူတွေက ၁၉၈၈ အရေးအခင်း ကို ဘယ်လိုမှ မမေ့ကြဘူး။ အစိုးရကလည်း ဘယ်တော့မှ ဒီနေ့ကို မမေ့ဘူး။ သူတို့ကပဲ မမေ့ဖို့  လှုံ့ဆော်နေတာနဲ့ ပိုတူသေး တယ်” ဟု ၈၈ အရေးအခင်းတွင် ပါဝင်ခဲ့ဖူးသူ စည်ပင်အငြိမ်းစားအရာထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ရွှေတိဂုံဘုရား၊ အန်အယ်လ်ဒီရုံးချုပ်ရှိရာ ရွှေဂုံတိုင်ဝန်းကျင်၊ မြေနီကုန်းမီးပွိုင့်၊ လှည်းတန်း မီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်မှစ၍ ရဲများကို တနေရာလျှင် (၂) ဦး၊ (၃) ဦးခန့်ချထားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

“အရင်နှစ်ကဆိုရင်တော့ ၀တ်စုံပြည့်ရဲကားတွေ လှည့်ကြတာကို ဒီနေ့ သြဂုတ်လ (၇) ရက်နေ့မှာ တွေ့နေရပြီ။ ဒီနှစ်က လုံခြုံရေးတော့ ချတယ်၊ မနှစ်ကလို မဟုတ်ပြန်ဘူး။ မနက်ဖြန်တော့ မသိသေးဘူး” ဟု ရွှေဂုံတိုင်တွင်နေသူတဦးက ပြောသည်။

ယခုနှစ် ရှစ်လေးလုံးနေ့တွင် ပြည်သူများမဆူပူရန် အစိုးရက မည်သို့လုံခြုံရေး တင်းကျပ်မည်ဆိုသည်ထက် ယခုလ (၁၁) ရက်နေ့တွင် အမိန့်ချမှတ်မည့် ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စကို ရန်ကုန်မြို့ခံများက အလွန်စိတ်ဝင်စားနေကြသည်ဟု သိရသည်။

“ရှစ်လေးလုံးနေ့မှာ လူထုအုံကြွပြီး ဆန္ဒပြတာမျိုးတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် (၁၁) ရက်နေ့မှာသာ အမိန့်ချရင်တော့ တခုခုထူးနိုင်တယ်” ဟု ရန်ကုန်တိုင်းတရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */