နယ်စပ်မှတဆင့် ရွှေအရောင်းအဝယ်လုပ်သူ များပြား

Friday, August 07, 2009 ·

အောင်ကျော်မိုး | ရွှေအရောင်းအဝယ်လုပ်သူများသည် ပြည်တွင်းဝယ်ယူ ရောင်းချမှုထက် နယ်စပ်မှတဆင့် အရောင်းအဝယ်လုပ်မှု ပိုမိုများပြား မြန်ဆန်လာကြောင်း ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တဦးက ပြောသည်။

၎င်းက “အရင်ရှိခဲ့တဲ့ပုံစံက ဒီပြည်တွင်းက ကုန်သည်တွေကပဲ အရောင်းအဝယ် လုပ်ကြတာ။ တဆင့်နဲ့တဆင့် အရောင်းအဝယ် လုပ်ရင်း အမြတ်ရအောင်ရှာကြတာ။ ဒါပေမယ့် ခုနောက်ပိုင်း ရန်ကုန်-မန္တလေး-မော်လမြိုင်-မြိတ်က ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး မြဝတီ၊ ကော့သောင်း၊ ရွှေလီ နယ်စပ်တွေဘက် အရောင်းအဝယ် လုပ်တာ” ဟု ပြောသည်။

ဥပမာ ရန်ကုန်ရွှေဈေးက ထိုင်းရွှေဈေးထက် နိမ့်နေပါက မော်လမြိုင်မှကုန်သည်က မဲဆောက်မှ ကုန်သည်ကို ဈေးသတ်မှတ် ရောင်းချလိုက်ပြီး ပစ္စည်းပို့ ငွေလွှဲခြင်းဖြစ်ကြောင်း၊ အလားတူ တရုတ်ပြည် ပေါက်ဈေးထက် နိမ့်နေပါကလည်း မန္တလေးမှ ကုန်သည်ကတဆင့် ရွှေလီမှ တရုတ်ကုန်သည်နှင့် ချိတ်ဆက်ပြီး ဈေးသတ်မှတ်၊ ပစ္စည်းပို့ ငွေလွှဲခြင်းလုပ်ကြကြောင်း၊ ရန်ကုန်တွင် ဈေးမြင့်နေပါက မဲဆောက်၊ ရနောင်း၊ ရွှေလီဘက်မှရွှေများ မော်လမြိုင်၊ ကော့သောင်း၊ မန္တလေးမြို့တို့မှတဆင့် ရန်ကုန်အထိ ပြန်သွင်းခြင်းဖြစ်ကြောင်း အဆိုပါ ရွှေကုန်သည်က ရှင်းပြသည်။

၎င်းက “တကြိမ်ကို ရွှေပိဿာချိန်နဲ့ အရောင်းအဝယ်လုပ်တော့ အရင်းအနှီးကြီးသလို အမြတ်လည်းများတယ်။ ခုတော့ ဒီအရောင်းအဝယ် လုပ်ငန်းကိုပဲ ကုန်သည်တွေ ခပ်သွက်သွက် လုပ်နေကြတယ်” ဟု ပြောသည်။

ရန်ကုန်၊ မန္တလေး ရွှေပေါက်ဈေးမှာ နိုင်ငံတကာ ရွှေပေါက်ဈေးနှင့် ဒေါ်လာငွေဈေး အတက်အကျ ပေါ်မူတည်ပြီး ပြောင်းလဲသော်လည်း ပြည်တွင်း ရွှေထွက်ရှိမှု၊ ပြည်တွင်းဝယ်လိုအားကိုလိုက်ပြီး နိုင်ငံတကာဈေး၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံဈေးနှုန်းများနှင့် အနည်းငယ်ကွာခြားတတ်ပြီး ကွာခြားမှုအပေါ်လိုက်၍ ကုန်သွယ်အရောင်းအဝယ်လုပ်ကြခြင်းဖြစ်သည်။

ယခုလပိုင်းအတွင်း ရန်ကုန်၊ မန္တလေးတွင် လက်ဝတ်လက်စား ရွှေအထည် လက်လီရောင်းအား အလွန်အမင်း ကျဆင်းနေခြင်း ကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ နိုင်ငံတကာပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်နိမ့်နေကြောင်း ရွှေကုန်သည် အသိုင်းအဝိုင်းက ပြောသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးဘက်မှ ရွှေများ မဲဆောက်၊ ရနောင်း၊ ရွှေလီဘက်ကို ပို့နေရကြောင်း သိရသည်။

ယခု ရွှေကုန်သည်များ သယ်ယူအရောင်းအဝယ် လုပ်နေကြသည့် အကယ်ဒမီတံဆိပ် ခေါက်ရွှေများမှာ (၁ဝ) ကျပ်သားအရွယ် အတုံးများဖြစ်ပြီး သာမန်ပြည်သူမှာမူ လက်ဝယ်ထားခွင့် မရှိကြောင်း၊ သြဂုတ် (၆) ရက်နေ့ ပေါက်ဈေးအရ ခေါက်ရွှေ တကျပ်သား ကျပ် (၅၆၇,ဝဝဝ) ပေါက်နေပြီး ရွှေတပိုင်းကို ကျပ် (၅၆) သိန်းကျော်ဖြစ်ကာ တပိဿာ ကျပ်သိန်း (၅၆ဝ) ကျော်ပြီး ရွှေကုန်သည်များ ပိဿာလိုက် သယ်ဆောင်ရောင်းဝယ်နေကြခြင်းဖြစ်သည်။

လောလောဆယ် ပြည်သူလူထု အလွှာစုံ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် လက်ဝတ်လက်စား ရွှေဝယ်ယူမှု အလွန်နည်းပြီး ရွှေဆိုင်များ အရောင်းပါးနေသော်လည်း အပိုင်းလိုက် ရွှေအရောင်းအဝယ်မှာမူ ပုံမှန်ရှိနေကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */