ဆရာမောင်ဆုရှင် ဈာပနပြီးစီး

Friday, June 05, 2009 ·

NEJ | စာရေးဆရာမောင်ဆုရှင်ကို ယနေ့  ညနေ (၂) နာရီတွင် ရန်ကုန်မြို့ ရေဝေး သုသာန်တွင် မီးသဂြုင်္ိဟ် ခဲ့သည်။ ၎င်း၏ ဈာပနကို စာပေ အသိုင်းအ၀ိုင်း ဆွေမျိုး မိတ်ဆွေများ (၁,၀၀၀) ကျော် လာရောက် ပို့ဆောင် ကြကြောင်း ပြည်တွင်းမှ စာရေးဆရာတဦးက ပြောသည်။

ဆရာမောင်ဆုရှင်သည် ၂၀၀၉ ခု၊ ဇွန်လ (၂) ရက်၊ နံနက် (၁) နာရီကျော်တွင် SSC ရွှေဂုံတိုင် အထူးကု ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၈) နှစ်ရှိပြီဖြစ်သည်။

“ဝေဒနာကို အများကြီး မခံစားခဲ့ရဘူး။ သူ့အတွက်တော့ ကောင်းပါတယ်” ဟု ဆွေမျိုးတဦးက အသုဘ အခမ်းအနားတွင် ပြောသည်။

ဆရာမောင်ဆုရှင်ကို မြောင်းမြမြို့တွင် အဖ ဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့မှ ၁၉၃၂ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် နေ့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးမျိုးသန့်ဖြစ်သည်။

မောင်ဆုရှင်ကလောင်အမည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး မောင်ကောင်းမြင့်၊ မောင်ကြည်ဖြူ၊ ဦးဘခန့်၊ မျိုးသန့်၊ ၀င်းသန့်၊ အောင်သူ ဟူသော ကလောင်ခွဲများဖြင့်လည်း သုတ၊ ရသစာပေများကို ရေးသားခဲ့ကြောင်း မိသားစု ပြောပြချက်အရ သိရသည်။

ဆရာမောင်ဆုရှင် ရေးသားခဲ့သော ဘာသာပြန် စာအုပ်များအနက် ပင်လယ်ပြာနဲ့ တံငါအို စာအုပ်ကြောင့် ကမ္ဘာကျော် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး၏ စာပေအရေးအသားကို မြန်မာဘာသာဖြင့် ဖတ်နိုင်သည့် အတွက် ဆရာမောင်ဆုရှင်ကို ကျေးဇူးတင်နေကြောင်း လူငယ် စာဖတ်ဝါသနာတဦးက ပြောသည်။

“ကျနော်က ပဲခူးကပါ။ ဆရာ့ကို အပြင်မှာ မမြင်ဖူးပါဘူး။ သတင်းစာမှာ ဆရာ့နာရေးပါတာတွေ့တော့ လာခဲ့ တာပါ။ ကျနော်က ဆရာ့ရဲ့ ဘာသာပြန်ကို ဖတ်ထားတာဆိုတော့ ဆရာဆုံးတာ စိတ်မကောင်းဖြစ်မိတယ်။ ဒါ့ကြောင့် သဂြုင်္ိဟ်မယ့် နေ့မှာ လာခဲ့တာပါ” ဟု ပဲခူးမြို့မှ အဆိုပါ လူငယ်က ပြောသည်။

ဆရာသည် အမေရိကန်နိုင်ငံ ဆရာကျုပ်တက္ကသိုလ်နှင့် ဘော့စတွန် တက္ကသိုလ်တို့မှ သတင်းစာပညာ ဒီပလိုမာ နှင့် စာအုပ် ထုပ်ဝေရေး ပညာ ဒီပလိုမာများကို ၁၉၆၂ ခုနှစ်တွင် ရရှိခဲ့ပြီးနောက် ၁၉၅၃ ခုနှစ်မှစ၍ ပြန်ကြားရေး ၀န်ကြီးဌာန စာပေဗိမာန်တွင် ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ထမ်းဆောင်ခဲ့ကာ ပြန်ကြားရေး ၀န်ကြီးဌာန အကြံပေး အရာရှိအဖြစ်လည်း ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။

ထို့အပြင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူဦးအုန်းဖေ စာပေ ဆုရွေးချယ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ စာပေ ဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ သုတစွယ်စုံစာပေဆုရွေးချယ်ရေးအဖွဲ့ စသည့် တာဝန် များနှင့် နိုင်ငံတော် အဖွဲ့အစည်း များ၏ စာပေဆိုင်ရာ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။

ဆရာမောင်ဆုရှင်သည် ၁၉၅၄ ခုနှစ်မှ သေဆုံးသည်ထိ စာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားပြုစုခဲ့ပြီး စာရေး ဆရာ မောင်ပေါ်ထွန်းနှင့် အတူ စာအုပ်ဟူသည် ၁၉၇၂၊ စာရေးဆရာ သိန်းတန် ဟံသာဝတီနှင့် စာနယ်ဇင်း ဟူသည် ၁၉၇၄ တို့ကို ရေးသားခဲ့သေးကြောင်း သိရသည်။

source by : ခေတ်ပြိုင်


Rest of your post

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */