ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့်ဒီကေဘီအေ ထိုးစစ်ဆင်

Friday, June 05, 2009 ·

NEJ | ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင်ရန် အင်အား ဖြည့်တင်း လာသောကြောင့် မိမိတို့ တပ်ရင်း တပ်ဖွဲ့ အသီးသီးကို တပ်လှန့်ထား ကြောင်း တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

ယမန်နေ့က နအဖတပ်မ (၂၂) လက်အောက်ခံ တပ်အချို့နှင့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်ရန် ချဉ်းကပ် လာသောကြောင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖနှင့် ဒီကေဘီအေဘက်မှ တဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

တပ်မဟာ (၇) မှူးက “မနေ့မနက် (၁၁) နာရီမှာတကြိမ်၊ မွန်းလွဲ (၃) နာရီမှာတကြိမ်၊ တိုက်ပွဲ (၂) ခါဖြစ်တယ်။ သူတို့ဘက်က တယောက် ကျပြီး (၃) ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူး။ အခုလည်း သူတို့အင်အားတွေ ထပ်ဖြည့် နေတယ်။ အဓိက တပ်မဟာ (၇) ဒေသကို တိုက်ခိုက်ဖို့ပဲ။ ကျနော်တို့ ကတော့ ခုခံစစ်ကို ဆင်နွှဲသွားမှာပဲ။ သူတို့ လာတိုက်တာကို မခုခံလို့ ဘယ်ဖြစ်မှာလဲ" ဟု ခေတ်ပြိုင်သို့ပြောသည်။

နအဖအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသရွေ့ကာလပတ်လုံး နိုင်ငံရေးပြဿနာများ ဆက်လက် ကြီးထွား နေမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရကြောင်း ၎င်းက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရှေ့ပြေးအဖြစ်တက်လာသည့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များ၏ တပ်ရင်းရုံးသို့ ဆက်သွယ် မေးမြန်းရာ အရာရှိငယ် တဦးက ယခု ကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း ပြောသည်။

၁၉၉၄ ခုနှစ်ကုန်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှခွဲထွက်ပြီး နအဖကျောထောက်နောက်ခံဖြင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ကို ဘုန်းတော်ကြီး ဦးသုဇန ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့တွင် လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု သိရပြီး နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လာမည့်နှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို ပထမဆုံး ကြိုဆို ထောက်ခံသည့် အဖွဲ့ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */