အောင်ဆန်းကွင်းမှာ ဘောလုံးကစားခွင့်ပိတ်ပင်

Monday, June 22, 2009 ·

NEJ | လုံခြုံရေးအခြေအနေကြောင့် လက်ရှိကျင်းပနေသည့် မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းများ၏ ဘောလုံးပြိုင်ပွဲ များကို အောင်ဆန်းကွင်း၌ ကျင်းပခွင့် ပိတ်ပင်လိုက်ကြောင်း အားကစားဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

ဇွန် (၂) ရက်၌ ဦးတေဇပိုင် ရန်ကုန်အသင်းနှင့် ဥသာယူနိုက်တက်အသင်းတို့ ကန်ရာတွင် ဒိုင်က ပင်နယ်တီ ပေးရာတွင် မှားသည်ဟု ပရိသတ်က ဆူဆဲကြရာမှ ပလတ်စတစ်ခုံများ ရိုက်ချိုးသည်အထိ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ယင်းသို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


“အဲဒီပုံတွေအားလုံး နိုင်ငံခြားသတင်းဌာနနဲ့ အင်တာနက်ထဲ ရောက်ကုန်တယ်။ အဲဒီနေ့က ပရိသတ် ဆူပူတာကို သတင်းထောက်တွေအားလုံး ဓာတ်ပုံရိုက်ကြတယ်။ တယောက်ကိုပဲ ခေါ်စစ်နိုင်တယ်။ နောက် ဒါမျိုးပုံ မရိုက်ကြဖို့ သတင်းထောက်အားလုံးကို ညွှန်ကြားချက် ထုတ်လိုက်တယ်။ အဲဒီကစပြီး ၀န်ကြီးက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အောင်ဆန်းကွင်းမှာ ဆက်မကန်ဖို့တားတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ဘောလုံးအဖွဲ့ချုပ်က မြက်များပျက်စီးနေသည့်အတွက်ဟု အကြောင်းပြကာ နှစ်ပတ်နားကြောင်း ကြေညာခဲ့ပြီး ယခုနောက်ပိုင်း ပွဲစဉ်အားလုံး အောင်ဆန်းကွင်းတွင် မကန်တော့ကြောင်း ကြေညာလိုက်ပြီဖြစ်သည်။

ရန်ကုန်မြို့မှ အားကစားဂျာနယ် အယ်ဒီတာတဦးကမူ ယခုကျင်းပနေသည့် သူဌေးကြီးများ၏ ကလပ်အသင်း ဘောလုံးပွဲ ကျင်းပချိန်မှ စပြီး ၎င်းတို့၏ သတင်းရေးသားမှုများ မကြာခဏဖြတ်တောက်ခံရကာ စာပေစိစစ်ရေးမှ ခေါ်ယူသတိပေးခံနေရသည်ဟု ပြောသည်။

၎င်းက “အဲဒီကလပ်အသင်းတွေက ငွေအကုန်အကျ အများကြီးခံပြီး ပရိသတ်အတုတွေကို အခမဲ့ခေါ်နေတဲ့ကိစ္စ၊ သာမန်ပရိသတ်တွေ လက်မှတ်မရှိတော့ဘဲ လက်မှတ်တွေ မှောင်ခိုဖြစ်ရတာ၊ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတာ၊ ပရိသတ်တွေဆူတာ အဲဒါတွေ ဘာတခုမှ ရေးလို့မရဘူး” ဟု ပြောသည်။

ယခု အောင်ဆန်းကွင်း၌ ကန်ခွင့်မပေးတော့သည်ကိုပင်လျှင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည့်အတိုင်း ကွင်းထဲ မြက်ပြန်စိုက်ရန်ဟုသာ ရေးသားခွင့်ရကြောင်း ၎င်းက ရှင်းပြသည်။

ဘောလုံးပွဲများ အားလုံးကို သုဝဏ္ဏကွင်းမှာသာ ပြောင်းရွှေ့ကျင်းပနေသည့်အတွက် အမှန်တကယ်ကြည့်မည့် မြို့တွင်းမှ ပရိသတ်များ သွားလာရ ခက်ခဲသွားသော်လည်း ကလပ်အသင်းပိုင်ရှင်များကမူ ငွေကုန်ကြေးကျခံ၍ ကားများငှားပြီ အခမဲ့အားပေးမည့်ပရိသတ်များကို ဆက်လက်ခေါ်ယူနေဆဲဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */