လူရွှင်တော်ဇာဂနာကို ထောင်ဝင်စာတွေ့ခွင့်ရ

Tuesday, June 30, 2009 ·

NEJ | သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင်တော်ဇာဂနာကို ခယ်မဖြစ်သူ မငြိမ်းက မြစ်ကြီးနားထောင်တွင် ယမန်နေ့ နံနက်ပိုင်းတွင် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကိုသူရ ကျန်းကျန်းမာမာပဲတဲ့။ အသားဖြူလာပြီး ကိုယ်ရေစစ်သွားတာကိုတော့ သူက နေမထိ လေမထိ တိုက်ထဲမှာနေရလို့ လို့ပြောတယ်။ အစားအသောက်နဲ့ မိသားစုဓာတ်ပုံတွေကိုပါ ပေးခွင့်ရခဲ့တယ်” ဟု ပြောသည်။

ယခင်က ကိုသူရအား ထောင်ဝင်စာသွားတွေ့ရာတွင် မငြိမ်းသည် မိတ်ဆွေတဦးအိမ်တွင် တည်းခိုခဲ့သော်လည်း ယခုတခေါက်တွင် အာဏာပိုင်များ၏ နှောင့်ယှက်မှုကြောင့် တည်းခိုခန်းတွင် တည်းခိုနေရကြောင်း အဆိုပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။

အသေးစိတ်မည်သို့ နှောင့်ယှက်သည်ကိုမူ မငြိမ်း ရန်ကုန် ပြန်မရောက်သေးသဖြင့် ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆိုသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မြစ်ကြီးနားအကျဉ်းထောင်တွင် ကိုသူရသေဆုံးပြီဟူသည့် ကောလာဟလ သတင်းတခုထွက်ပေါ်ခဲ့ပြီး မီဒီယာများကလည်း ၎င်းတို့အား မေးမြန်းကြသည့်အတွက် စိတ်ပူပန်ခဲ့ရကြောင်း၊ ယခုထောင်ဝင်စာရပြီး လူကိုယ်တိုင်တွေ့ရသောကြောင့် စိတ်အေးရပြီဖြစ်ကြောင်း ကိုသူရ၏ မိသားစုဝင်များက ပြောသည်။

သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင်တော်ဇာဂနာသည် ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး လေဘေး ဒုက္ခသည် များကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ခြင်း၊ ကယ်ဆယ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ပြင်ပမီဒီယာတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်းတို့ကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းခံရကာ ယခုအခါတွင် မြစ်ကြီနားအကျဉ်းထောင်၌ ဆက်လက် ထိန်းသိမ်း ခံနေရဆဲဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */