ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသွားရောက်မည်

Tuesday, June 30, 2009 ·

NEJ | ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် လာမည့်ဇူလိုင် (၃) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အပါအ၀င် အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဟု ကုလ သမဂ္ဂမှ ယမန်နေ့က ထုတ်ပြန် ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် စစ်အစိုးရနှင့် အတိုက်အခံများကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးတို့အတွက် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ်မွန်တက်စ်က ပြောသည်။

“ဒီကိစ္စရပ်တွေကို အမြန်ဖြေရှင်းနိုင်လေ မြန်မာနိုင်ငံမှာ တည်ငြိမ် ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးကြွယ်ဝမှုတွေ စောစောဖြစ်ထွန်း လာနိုင်လေလို့ အတွင်းရေးမှူးချုပ်က ယုံကြည်ထားပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဘယ်လို အကူအညီပေးနိုင်မယ်ဆိုတာ ဆွေးနွေးဖို့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ အားလုံးနဲ့ တွေ့ဖို့ သူမျှော်လင့် ထားပါတယ်” ဟုလည်း မစ္စမွန်တက်စ်က ပြောသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀န်းတို့က စိုးရိမ်ပူပန်နေသည့် ကိစ္စရပ်များကို မြန်မာအဆင့်မြင့် ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရန်လည်း မစ္စတာဘန်ကီမွန်းက မျှော်လင့်ထားသည်ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်း လာရောက်မည့် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ယခုလ (၂၆) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ခရီးစဉ် အတည်ပြု ပေါ်ထွက်လာခြင်းဖြစ်သည်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခု မေလတွင် သွားရောက်ခဲ့ပြီး နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီများ ထောက်ပံ့ကူညီနိုင်ရေးအတွက် စစ်အစိုးရအာဏာပိုင်များနှင့် သွားရောက်ဆွေးနွေးခဲ့သည်။

ယခု သွားရောက်မည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၌လည်း လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးသွားရန်ရှိသည်ဟု ကုလသမဂ္ဂမှ သတင်းထုတ်ပြန်သည်။ မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် (၄) ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */