ဒေါ်စုအမှု လွတ်လပ်ပြီး တရားမျှတမှုရှိရန် ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်များ တောင်းဆို

Thursday, June 18, 2009 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် လွတ်လပ်ပြီး တရား မျှတမှု ရှိရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၅) ဦးက ဇွန်လ (၁၆) ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည့် အထူးကိုယ်စားလှယ် (၅) ဦးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား၊ တရားမဲ့ ဖမ်းဆီး ချုပ်နှောင်မှု များဆိုင်ရာ ကုလသမဂ္ဂ အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌနှင့် အထူး ကိုယ်စားလှယ် မစ္စ မန်နျူးလား ကင်မင်နာ ကက်စ်တရီလို၊ ကုလသမဂ္ဂတရားသူကြီးများနှင့်ရှေ့နေများ လွတ်လပ်ခွင့် ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူများဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စမာဂရက် ဆာကာဂရာနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် အခွင့်အရေး ကာကွယ်မှုဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဖရင့် လာရူးတို့ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်တို့အမှုသည် အမှန်အကန်မဖြစ်ဘဲ တရားဥပဒေလုပ်ထုံး လုပ်နည်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ခံနေရသည် ဟု မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်က ကြေညာချက်တွင် ပြောကြားထားသည်။

ထို့အပြင် တရားခွင်တွင် အများအားဖြင့် တံခါးပိတ်ကြားနာစစ်ဆေးမှုများသာ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများ အနေဖြင့် စွပ်စွဲ ခံရ သူများ၏ ရှေ့နေများနှင့် လွတ်လပ်စွာပြောဆိုမေးမြန်းခွင့် မရရှိကြောင်း မစ္စတာ ဒက်စ်ပွိုင်က ထောက်ပြပြော ဆိုကာ “တရား ဥပဒေ စိုးမိုးတဲ့ ဘယ်နိုင်ငံမှာမဆို လွတ်လပ်တဲ့ တရား ဥပဒေ အရ စီရင်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေလိုက်ခွင့် တဦးတည်းကိုသာ အရင်ခွင့်ပြုခဲ့ပြီး နောက်ပိုင်း သက်သေတဦး ထပ်မံခွင့်ပြုခဲ့သော်လည်း အစိုးရဘက်မှ သက်သေများကိုမူ (၁၄) ဦး ခွင့်ပြုခဲ့ကြောင်း၊ တရားရုံးတွင် အမှုနှင့်ပတ်သက်၍ သက်သေထွက်ဆိုနိုင်သူ မျက်မြင်သက်သေ အားလုံးကို ထွက်ဆိုခွင့်ပေးသင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

တရားရုံးအနေဖြင့် တရားစီရင်မှုကို တရားမျှတစွာ လုပ်ဆောင်ရန်ဝတ္တရားရှိပြီး ဥပဒေကြောင်းအရ အစွပ်စွဲခံရသူအား ခုခံချေပခွင့်နှင့် ကာကွယ်ပိုင်ခွင့် အပြည့်အ၀ပေးရန်လည်း လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်များက ကြေညာချက်တွင် ဖော်ပြထားသည်။

မေလ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားခြင်းသည် နိုင်ငံတကာ စံချိန်စံညွှန်းများ အရ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ် ပေးရန်လည်း ကြေညာချက်တွင် တောင်းဆို ထားသည်။

ယင်းသို့ ကုလသမဂ္ဂလူ့အခွင့်ရေးအထူးကိုယ်စားလှယ် (၅) ဦး၏ သဘောထားထုတ်ပြန်မှုနှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အဲဒီ သဘောထား ထုတ်ပြန်ချက်ကို အန်အယ်လ်ဒီ အနေနဲ့ ဒီနေ့ ဖတ်ရပါတယ်။ ဒီလို တိုက်တွန်း ပြောဆို ထားတဲ့ အပေါ်မှာလည်း အန်အယ်လ်ဒီ ဘက်က ကြိုဆိုပါတယ်” ဟု ပြောသည်။

လွတ်လပ်ပွင့်လင်း၍ အများပြည်သူတက်ရောက်နားထောင်နိုင်သော တရားခွင်ဖြစ်ရန် အန်အယ်လ်ဒီဘက်က ကြိမ်ဖန်များစွာ တောင်းဆို ခဲ့သော်လည်း ယခုအထိ မရရှိသေးဟု ၎င်းကပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */