ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေခေါ်ဆိုခွင့်အယူခံ ဗဟိုတရားရုံး လက်ခံ

Thursday, June 18, 2009 ·

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေ ခေါ်ယူခွင့် ပြင်ဆင်ရေး လျှောက်လဲ ချက်ကို ဗဟို တရားရုံးက ယနေ့ ကြားနာ ခဲ့ပြီး အမှုကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

“မနက် (၁၀) နာရီမှာ ရှေ့နေကြီး ဦးကြည်ဝင်းက အမှုလက်ခံရေး အတွက် (၄၅) မိနစ် လောက်ကြာတဲ့ လျှောက်လဲ ချက်ပေးပါတယ်။ (၂) နာရီလောက်မှာ အမှုကိုလက်ခံတယ်ဆိုတဲ့ အမိန့်ထွက်ပါတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောသည်။

ဗဟိုတရားရုံးတွင် နှစ်ဘက်ရှေ့နေများ အပြန်အလှန် လျှောက်လဲရမည့် ရက်ချိန်းကို သောကြာနေ့တွင် သိရမည် ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေထွက်ဆိုခွင့်ရသဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်းတရားရုံးက နောက်ထပ် သက်သေ (၁) ဦးကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်း တရားရုံး၏ ဆုံးဖြတ်မှုကို ဒေါ်အောင်ဆန်း စုကြည်ဘက်မှ ကျေနပ်မှု မရှိသဖြင့် ဗဟို တရားရုံးသို့ အယူခံ ထပ်မံ တင်သွင်းခဲ့ရာ ဗဟို တရားရုံးက ယနေ့ လက်ခံ လိုက်ခြင်း ဖြစ်သည်။

ယနေ့ဗဟိုတရားရုံး အနီးတ၀ိုက်တွင် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရန်ကုန်မြို့ခံအချို့က ပြောသည်။

ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦးက “ကား (၇) စီးလောက် အဆင်သင့် ရပ်ထားတယ်။ စုစုပေါင်း ရဲအင်အား (၁၀၀) ကျော် ရှိမယ်။ နောက် ဂျစ်ကား၊ ရိုးရိုးကား၊ တက္ကစီလို ကားတွေထဲမှာလည်း ရဲအရာရှိတွေ၊ ရဲတပ်သားတွေကို တွေ့ရတယ်။ တရားရုံးတဝိုက် လမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာတော့ အရပ်ဝတ် ရဲ၊ ရဲထောက်လှမ်းရေးနဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေကို အများကြီးချထားတယ်” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */