ဧရာဝတီ | မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောပေါ်တွင် ကုလသမဂ္ဂက တားမြစ်ထားသည့် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် သွားမည်ဟု ယူဆရကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောကြားသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။
၎င်းသင်္ဘောကို ပင်လယ်ထဲ၌ ကြားဖြတ် ဝင်ရောက် စစ်ဆေးခြင်း ပြုလုပ်ပါက မြောက်ကိုရီးယား အနေနှင့် စစ်ကြေညာ သည်ဟု ယူဆမည် ဖြစ်သည့် အတွက် ထိုအခြေအနေ မဖြစ်နိုင်ကြောင်း လေ့လာသူတို့က သုံးသပ်သည်။
Kang Nam 1 သင်္ဘော မြန်မာပြည်သို့ ကုန်ပစ္စည်း သွားရောက်ပို့ဆောင်ခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းက ဖြစ်သည်ဟု သီလဝါ ဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။ ထိုသို့ ပို့ဆောင်ရာတွင် ကုန်ပစ္စည်းများကို ညဘက်အချိန်တွင်သာ ချလေ့ရှိပြီး သန်းခေါင်ကျော် ၂ ရီခန့်တွင်မှ ကုန်ပစ္စည်းတင်ကား များဖြင့် သယ်ယူလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းသင်္ဘော ဆိုက်ကပ်သည့်အခါတိုင်းတွင် သီလဝါဆိပ်ကမ်းနှင့် မဝေးသည့် ဆိပ်ကြီးရေတပ်မတော်နှင့် သန်လျင်မြို့ ခြေလျှင်တပ်ရင်း (၉၀) တို့က လုံခြုံရေး ယူလေ့ရှိကြောင်းလည်း သိရသည်။
![]() အမေရိကန် ရေတပ် စစ်သင်္ဘော USS John S. McCain သည် မြောက်ကိုရီးယား သင်္ဘော Kang Nam I နောက်သို့ နောက်ယောင်ခံ လိုက်လျက်ရှိသည်။ (ဓာတ်ပုံ - Getty Images) |
Kang Nam 1 သင်္ဘော မြန်မာပြည်သို့ ကုန်ပစ္စည်း သွားရောက်ပို့ဆောင်ခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းက ဖြစ်သည်ဟု သီလဝါ ဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။ ထိုသို့ ပို့ဆောင်ရာတွင် ကုန်ပစ္စည်းများကို ညဘက်အချိန်တွင်သာ ချလေ့ရှိပြီး သန်းခေါင်ကျော် ၂ ရီခန့်တွင်မှ ကုန်ပစ္စည်းတင်ကား များဖြင့် သယ်ယူလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းသင်္ဘော ဆိုက်ကပ်သည့်အခါတိုင်းတွင် သီလဝါဆိပ်ကမ်းနှင့် မဝေးသည့် ဆိပ်ကြီးရေတပ်မတော်နှင့် သန်လျင်မြို့ ခြေလျှင်တပ်ရင်း (၉၀) တို့က လုံခြုံရေး ယူလေ့ရှိကြောင်းလည်း သိရသည်။
Kang Nam 1 သင်္ဘော ဆိုက်ကပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယနေ့ထိ မသိရှိရသေးကြောင်း သီလဝါ ဆိပ်ကမ်း တာဝန်ရှိသူက ပြောကြားသည်။ ယခုအခါ ၎င်းသင်္ဘောသည် တရုတ်နိုင်ငံ ရေပိုင်နက်ကို ကျော်လာပြီး မလက္ကာရေပိုင်နက်အတွင်း ရောက်ရှိနေပြီဖြစ်သည်။
၎င်းသင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့ကတည်းက မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး မြန်မာပြည်သို့ ဦးတည်လာသည်ဟု ယူဆရသဖြင့် အမေရိကန်ရေတပ်မှ တောက်လျှောက် နောက်ယောက်ခံ လိုက်ပါ လာခဲ့သည်။
စစ်ရေးလေ့လာသူတို့၏ သုံးသပ်ချက်အရ ယခုမြန်မာပြည်သို့ ဦးတည်သွားနေသည့် မြောက်ကိုရီးယား သင်္ဘောသည် မြန်မာနိုင်ငံတွင် ဆိုက်ကပ်ပြီး ထိုမှတဆင့် အီရန် အစရှိသော နိုင်ငံများသို့ လက်နက် တင်ပို့ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

0 comments:
Post a Comment