ကြံ့ဖွံ့က လယ်သမားတွေကို ငွေချေးနေ

Wednesday, June 24, 2009 ·

ဧရာဝတီ | စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က ၂၀၁၀ ရွေးကောက်ပွဲ အကြို စည်းရုံးရေး ရည်ရွယ်ချက်ဖြင့် နိုင်ငံတဝန်း ကျေးလက် ဒေသရှိ လယ်သမား များအား အသေး စားချေးငွေများ ထုတ်ပေးနေကြောင်း သိရသည်။

အဆိုပါ အသေးစားချေးငွေကို ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများအတွက် ပိုမို ထုတ်ပေးရန် စီစဉ်နေကြောင်း ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူများက ပြောဆိုသည်။

“ရန်ကုန် အရှေ့ပိုင်းခရိုင်အတွင်းက လယ်သမားတွေကို တဧက ကျပ် ၅၀၀၀၀ နှုန်းနဲ့ ထုတ်ချေးမယ်တဲ့၊ အခုနှစ် စပါးစိုက် ရာသီ မုတ်သုန်ရာသီမှာ စချေးပေးမယ်လို့ သိရတယ်”ဟု ကြံ့ဖွံ့ အသင်းနှင့် နီးစပ်သူ တဦးက ပြောသည်။


ယခုကဲ့သို့ ချေးငွေများ ထုတ်ပေးခြင်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ ကျောထောက် နောက်ခံပြု သည့် နိုင်ငံရေး ပါတီများအား ထောက်ခံအားပေးရန် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ကြံ့ဖွံ့အနေနှင့် ယင်းသို့ ချေးငွေများ ထုတ်ပေးနေခြင်းမှာ ယခုမှမဟုတ်ဘဲ တခြားသောနယ်များတွင် ထုတ်ပေး နေသည်မှာ အနည်းဆုံး ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

“ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်က လယ်သမားတွေကို ၂ နှစ် အတွက် ချေးငွေပေးတယ်၊ ပထမ နှစ်အတွက် တဧက ကျပ် ၅၀၀၀၀ ဆိုပေမယ့် ဒုတိယ နှစ်အတွက်ကို ပိုထုတ်ပေးတယ်”ဟု ဒေသခံ ကြံ့ဖွံ့ အဖွဲ့ဝင်တဦး က ပြောသည်။

ယင်းကြံ့ဖွံ့ အဖွဲ့ဝင်များသည် သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ခုနှစ် အရေးအခင်းကို အကြမ်းဖက် နှိမ်နင်းရာတွင် ပါဝင်ခဲ့ပြီး ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီရေး လှုပ်ရှားသူ များ၏ မော်တော် ယာဉ်တန်းကို အကြမ်းဖက် ရိုက်နှက်ရာတွင်လည်း ပါဝင်ခဲ့သည့်အတွက် နာမည်ဆိုးထွက်ထား သောကြောင့် အများပြည်သူနှင့် ဆက်ဆံရေး ပိုမိုအဆင်ပြေစေရန် ယခုကဲ့သို့ အသေးစား ချေးငွေ စီမံကိန်းကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်အစိုးရက ကြံ့ဖွံ့အဖွဲ့ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျေးလက် လူမှုဘဝ ဖွံ့ဖြိုးရေးစီမံကိန်းများ ဖြစ်သော လမ်းတံတား ဆောက်လုပ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်း၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အသုံး အဆောင်များ ပေးအပ်ကူညီခြင်း၊ နာဂစ်ဆိုင်ကလုန်း ဖြစ်ပြီးနောက် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ အကူအညီ ပေးရေး လုပ်ငန်းများ အပြင် ယခုကဲ့သို့သော အသေးစားချေးငွေစီမံကိန်းများကို ဖော်ဆောင်ရန်ခွင့်ပေးထား ခြင်း ဖြစ်သည်ဟုလည်း နီးစပ်သူများကဆိုသည်။

ကြံ့ဖွံ့အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သော စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းသည် ပြီးခဲ့သည့် အပတ်အတွင်းက စစ်ကိုင်းတိုင်း ဆောမြို့နယ်မှ ဒေသခံ လူဦးရေ ၂၃၀၀၀ ကျော်ကို သွားရောက် တွေ့ဆုံကြောင်း တနလာင်္နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယခုလဆန်းကလည်း ကြံ့ဖွံ့ အသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးသည် မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအီးလ်၏ အလုပ်သမား ပါတီ ခေါင်းဆောင် သက်တမ်း ၄၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ကျင်းပသော ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခဲ့သေးသည်။

ကြံ့ဖွံ့အဖွဲ့သည် အစိုးရတရားဝင် နိုင်ငံရေး ပါတီ တခု မဟုတ်သော်လည်း နိုင်ငံတကာ မှ လာရောက်သော အစိုးရ ဧည့်သည်များက တွေ့ဆုံရသည့် အဖွဲ့တဖွဲ့လည်းဖြစ်သည်။

ယင်းသို့ ကြံ့ဖွံ့အဖွဲ့ဝင်များက နိုင်ငံတဝန်းတွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားမှုများပြုလုပ်နေ သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် သတ်မှတ်ခြင်းမရှိသေးချေ။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */