“ဝ” တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ပြောင်းလဲရန် စစ်အစိုးရ ထပ်ပြော

Friday, June 05, 2009 ·

သန်းထိုက်ဦး | “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်းရေး အတွက် ပြန်လည် စဉ်းစားပေးရန် မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေး ကိစ္စကို UWSA တပ်များကလက်မခံနိုင်ကြောင်း အသိ ပေးပြီးနောက် ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့သည်ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ကြီးရဲမြင့်က ယခုနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်းကူးပြောင်းရေး ကိစ္စကို ပြန်လည်စဉ်းစားပေးဖို့ ပြောကြားတယ်လို့ သိရပါတယ်”ဟု ၎င်းကဆိုသည်။

UWSA တပ်ဖွဲ့များက နအဖ ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်ကိစ္စကို ( ၁ ) အချက် လက်မခံနိုင်ဘူး၊ (၂ ) အချက် လက်ရှိအခြေ အနေကို ထိန်းသိမ်းသွားမယ်ဟု မိမိတို့၏ သဘောထားကို ပြောကြားခဲ့ပြီးနောက် ဒုတိယ အကြိမ် ထပ်မံ ပြောကြားခြင်းလည်းဖြစ်သည်။

မြန်မာ စစ်အစိုးရ အာဏာပိုင်းများက လွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင် ကူးပြောင်းရေးအတွက် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင် ကူး ပြောင်းရေးတိုင်းအဆင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းရန် ၎င်း နှင့် အပစ်ခတ်ရပ်စဲထားသော တိုင်းရင်း သား လက်နက်ကိုင်တပ်များကို တွေ့ဆုံခဲ့သည်။

စစ်အစိုးရ ထိပ်ပိုင်းအဆင့်မြင့် အရာရှိများက အပစ်ခတ်ရပ်စဲထားသော ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအ၀င် ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) ၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၊ ကိုးကန့်တပ်ဖွဲ့ ၊ ရှမ်းပြည်တပ် မတော်(မြောက်ပိုင်း) (SSA-N) စသည် တို့ကို တွေ့ဆုံခဲ့သည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေးယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရသိရှိရသည်။

ထို့အပြင် နအဖ နှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များထဲမှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် သဘောတူခဲ့ပြီး ၎င်းထိန်းချုပ်ထားသော နယ်မြေ ဒေသများ၌ တပ်သားသစ်များ စုဆောင်းနေကြောင်းသိရသည်။

DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။

သို့သော် မွန်ပြည်သစ် ပါတီ (NMSP) တပ်ဖွဲ့ကမူ နယ်ခြား စောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန်အတွက် လက်မခံနိုင်ကြောင်းသိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */