မိုး/ဇလ ညွှန်ချုပ်ကို တာဝန်မှ ရပ်ဆိုင်း

Friday, June 05, 2009 ·

ခိုင်ရီ | မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေ ဒုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်း လိုက်ကြောင်း ၎င်းဌာနနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။


ဦးထွန်းလွင်
“တရားဝင် ရပ်ဆိုင်းခံရတာပဲ။ ဒါပေမယ့် ကျန်းမာရေး အခြေအနေ အရ ရာထူးက အနားယူလိုက်ပြီလို့ပဲ ပြောကြတယ်” ဟု မိုးလေ၀သနှင့်ဇလဗေဒမှ ၀န်ထမ်းတဦးက ပြောသည်။

ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်းခဲ့ခြင်းမှာ နေပြည်တော်တွင် တိုက်ခတ်သွားသော လေပြင်း မုန်တိုင်းကိစ္စ ကြိုတင် သတိပေး ထုတ်ပြန်ခြင်းမရှိ သောကြောင့် ဖြစ်သည်ဟု ၎င်းတို့ ဌာနအတွင်း သတင်းစကားများ ထွက်ပေါ်လျက်ရှိကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း နေပြည်တော်တွင် လေပြင်း တိုက်ခတ်ခဲ့ပြီး ထိုလေပြင်းကြောင့် သစ်ပင်ကြီးများ ကျိုးပျက်ခြင်း၊ နေအိမ်တချို့ အမိုး လန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“ဦးထွန်းလွင်က ကျန်းမာရေးအခြေနေကြောင့် အနားယူချင်နေတာကြာပြီလို့ ကြားနေတာ။ အခုသတင်းတွေ ထွက်နေလို့ မေးကြည့်တော့ နှလုံးရာဂါအခြေအနေကြောင့် နားလိုက်တာလို့ ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများအရမူ ဦးထွန်းလွင်သည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ပြင်ဆင်မည် ဖြစ်သောကြောင့် ရာထူးမှ ရပ်နားခံရခြင်းဖြစ်သည်ဟု ကြားသိရသည်။

နအဖ အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိ၊ အရပ်ဘက် ဝန်ထမ်း အရာရှိ နှင့် စီးပွားရေးသမားတချို့ကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန်အတွက် ယခုနှစ်ဆန်းပိုင်းမှ စတင်တိုက်တွန်း လျှက်ရှိကြောင်း ကြားသိရသည်။

လူပေါင်းသိန်းချီသေဆုံးခဲ့သည့် ၂၀၀၈ မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မိုးလေ၀သ ဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ မဖော်ပြဘဲ ထိန်ချန်ခဲ့သည်ဟု ဦးထွန်းလွင်ကို အများက စွပ်စွဲခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */