စစ်ပြေးကရင် ဒုက္ခသည်များကို တစုတစည်းတည်းထားမည်

Wednesday, June 24, 2009 ·


NEJ / ၂၄ ဇွန် ၂၀၀၉

စစ်ပွဲဂယက်များကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည်များအား ခိုလှုံခွင့်တခုတည်းတွင် စုစည်းထားရှိသွားမည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) အဖွဲ့ဥက္ကဋ္ဌ ရောဘတ်ထွေးက ပြောသည်။

၎င်းက “ဒီဒုက္ခသည်တွေကို တနေရာတည်းမှာ စုစည်းထားဖို့ အူးသူးထာ့ နေရာကို ရွေးထားတယ်။ အဲဒီမှာ အိမ်ထောင်စု (၅၀၀) အတွက် နေထိုင်ဖို့ စီစဉ်နေပါတယ်။ နယ်မြေခံ ထာ့ဆောင်ရမ်း မြို့ပိုင် အဲဒီနေရာကို လာကြည့်ဖို့ရှိတယ်။ သူလာကြည့်ပြီးရင်တော့ အဲဒီကို ပြောင်းရွှေ့ရမည့်ရက်ကို သိရမယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များ၊ UNHCR, KRC, TBBC, IRC နှင့် အခြားအစိုးရမဟုတ်သောအဖွဲ့များကလည်း ယာယီခိုလှုံရေး စခန်း (၃) ခုမှ စစ်ပြေးဒုက္ခသည်များကို အူးသူးထာ့ စခန်းတခုတည်းတွင်သာ စုပေါင်းထားရှိရန် စီစဉ်နေသည်ဟု သိရသည်။

စစ်ပြေးဒုက္ခသည်များတွင် နယ်မြေအေးချမ်းသွားပါက ပြန်မည့်သူများ ရှိသကဲ့သို့ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကမူ ၎င်းတို့စခန်းသို့ ပြန်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။

လယ်ပေါ်ဟဲစခန်းနေရာတွင် ဒီကေဘီအေတပ်များက စခန်းထိုင်ထားသောကြောင့် ထိုစခန်းမှ ဒုက္ခသည်များသည် ထိုင်းဘက်ခြမ်းတွင် ရေရှည်နေရမည့်သဘောဖြစ်နေပြီး ၎င်းတို့ကို တရားဝင်ဒုက္ခသည်အဖြစ် ထိုင်းက အသိမှတ် ပြုပေးနိုင်မည့် အနေအထားမျိုးရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နိုင်ပြီဟု တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေ (၉၉၉) တပ်ရင်း (၇) မှ ဒု-ရင်းမှူး အဆင့်ရှိသူက ထိုင်းဘက်ခြမ်း နောင်ဘိုးရွာသို့ ယခုရက်ပိုင်းအတွင်းက လာရောက်ပြောကြားခဲ့ သော်လည်း စစ်ပြေးဒုက္ခသည်များက အခြေအနေကို ယုံကြည်မှုမရှိသည့်အတွက် ဒီကေဘီအေ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ ထိုင်းနယ်ခြားစောင့်တပ်၏ အစီအစဉ်ဖြင့် ဒီကေဘီအေက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ပြေးဒုက္ခသည်များအား တစုတစည်းထားရှိခြင်းသည် လုံခြုံရေးအရ ကောင်းမွန်ကြောင်း မဲ့စလေရွာမှ ထိုင်းနိုင်ငံသားများက ပြောသည်။

“လောလောဆယ် ဒုက္ခသည်တွေပြန်သွားရင် သူတို့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မနေ့ကတောင်မှ ကျနော်တို့ မဲ့စလေ ရွာဘက်မှာ ဒီကေဘီအေစစ်သားတွေ ထိုင်းဘက်ကူးလာပြီး ထိုင်းဘက်ခြမ်းမှာ ရောက်နေတဲ့ ကရင်ရွာသား (၂) ယောက်ကို လာပြီး ပစ်သတ်သွားတယ်။ ဒါကြောင့်မို့ သူတို့ကို အခုလို အာဏာပိုင်တွေရဲ့ ကြည့်ရှု စောင့်ရှောက်မှုအောက်မှာ ထားမယ့်ကိစ္စဟာ အင်မတန်ကောင်းတဲ့ အစီစဉ်ပဲ” ဟု မဲ့စလေမှ ထိုင်းနိုင်ငံသား ၀န်ထမ်းတဦးက ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များသည် ယခုလ (၂) ရက်နေ့မှစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုကြောင့် ကရင်ရွာသား (၄,၀၀၀) ခန့် ထိုင်းဘက်သို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးလာကြသည်။

ယင်း စစ်ပြေးဒုက္ခသည်များကို ထိုင်းနိုင်ငံရှိ နောင်ဘိုး၊ အူးသူးထာ့၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့် စခန်းများ ဖွင့်လှစ်စောင့်ရှောက်ထားသည်။


0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */