နောက်တက်မည့် အစိုးရနှင့်သာအသွင်ပြောင်းရေးကိစ္စ ကေအိုင်အိုဆွေးနွေးမယ်

Thursday, June 25, 2009 ·

NEJ / ၂၄ ဇွန် ၂၀၀၉


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နောင်တက်လာမည့် အရပ်သားအစိုးရနှင့်သာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးမည်ဟု မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နှစ်ဘက် တွေ့ဆုံစဉ် အကြောင်းပြန်ခဲ့သည်။

ကေအိုင်အိုအဖွဲ့မှ အသွင်ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ မကြာသေးမီက ဖွဲ့စည်းထားသည့် ကေအိုင်အို ကိုယ်စားပြု (၇) ဦးပါ ကော်မတီနှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ ဇွန် (၂၀) ရက်နေ့ တွေ့ဆုံစဉ်အတွင်း ကေအိုင်အိုဘက်က ပြောဆိုခဲ့ကြောင်း ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဇွန် (၂၀) ရက်နေ့မှာ အဖြေပေးပါမယ်ဆိုပြီး ကတိပေးထားချက်အရ မြစ်ကြီးနားမှာ ဒု-ဥက္ကဋ္ဌ ဦးဂေါ်ရီ ဇော်ဆိုင်း ဦးဆောင်တဲ့ (၇) ဦး ကော်မတီအဖွဲ့က သွားတွေ့ခဲ့တာ။ အဲဒီမှာ ကေအိုင်အိုက ပြောတာက မူလရည်ရွယ် ချက်ဖြစ်တဲ့ ရုဒ်မက် (၇) ချက်ကို အောင်မြင်အောင် လုပ်သွားစေချင်တယ်။ ဒါကြောင့်လည်း အမျိုးသားညီလာခံကို တက်ရောက်ခဲ့တာဖြစ်တယ်။ တပ်သားထုနဲ့ ကချင်ပြည်နယ်လူထုရဲ့ အငြိုအငြင်ခံပြီး ထောက်ခံခဲ့တာဖြစ်တယ်။ ဒီကနေ့ အသွင်ကူးပြောင်းရေးကိစ္စကိုလည်း ရုဒ်မက် (၇) ချက် ပြီးတဲ့နောက် တက်လာတဲ့ အစိုးရနဲ့သာ အခိုင်အမာ ဆွေးနွေးချင်တယ်လို့ ပြောခဲ့တယ်” ဟု ဆိုသည်။


ယခုကဲ့သို့ ပြောဆိုမှုအပေါ် မပခတိုင်းမှူးက နောင်တက်လာမည့် အစိုးရအဖွဲ့အား မည်မျှအထိ ယုံကြည်မှုထားပါ သလဲဟု ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်း၊ ကေအိုင်အိုဘက်က ယခုကဲ့သို့ တုံ့ပြန်မှုအပေါ် ဘ၀င်မကျသည့်အတွက် ဆက်လက်ပြီး ဆွေးနွေးသွားမည်ဟု ပြောဆိုကာ နှစ်ဘက်ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အကြား တပ်ဖွဲ့အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးခဲ့သည်မှာ ဧပြီ (၂၈) ရက်နေ့မှ စ၍ ယနေ့အထိ (၄) ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ယခု စတုတ္ထအကြိမ်မြောက် တွေ့ဆုံစဉ် တရားဝင် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများအား ဖုန်းဆက်သွယ်၍ မရရှိပါ။ အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိငယ်တဦးကမူ ပြည်ပမီဒီယာများနှင့် ပြောဆိုမှုမလုပ်ရန် ကေအိုင်အဖွဲ့အတွင်း တားမြစ်ထား ကြောင်း၊ ကေအိုင်အိုခေါင်းဆောင်အချို့လည်း ခရီးထွက်နေကြောင်း ပြောဆိုပြီး အသေးစိတ်ပြောဆိုရန် ငြင်းဆိုသည်။

ဇွန် (၃၀) ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အနှစ် (၂၀) မြောက် အထိမ်းအမှတ် အခမ်းအနားပွဲ ကျင်းပရန်ရှိနေပြီး ကေအိုင်အိုမှ ခေါင်းဆောင်များအား ဖိတ်ကြားထားသောကြောင့် အဆိုပါပွဲတက်ရောက်ရန် ကေအိုင်အိုခေါင်းဆောင်အချို့ ခရီးထွက်နေပုံရသည်ဟု အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */