မန္တလေးစည်ပင် ငွေရှာသဖြင့် ကျောက်ပွဲစားများ မကျေနပ်

Tuesday, June 23, 2009 ·

NEJ | မန္တလေး ကျောက်မျက် ဈေးရှိ ကျောက်ပွဲစား များကို မြို့တော် စည်ပင်က မှတ်ပုံတင် လုပ်ခိုင်းနေသည့် အတွက် ပွဲစားများ က မကျေမနပ် ဖြစ်နေ ကြသည်။

မန္တလေးမြို့တော်စည်ပင်က တနှစ်စာအတွက် ပွဲစားတဦးလျှင် ငွေကျပ် (၃,၅၀၀) ကောက်ခံကာ မှတ်ပုံတင် ကတ်များလုပ်ရမည်ဟု ပြောသဖြင့် ပွဲစားများက စည်ပင်က ငွေလှည့်သုံးရန် ဖန်တီးခြင်းဖြစ်သည်ဟု ပြောဆိုနေ ကြသည်။

ကျောက်မျက်ဈေး ဖြစ်ပေါ်လာကတည်းက ကျောက်ပွဲစား လုပ်လာသူ ကိုသက်နိုင်က “ပေးရတဲ့ငွေက များတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုံးဝအရောင်းအ၀ယ်မဖြစ်တဲ့နှစ်မှာမှ အခုလို မှတ်ပုံတင်ကတ်ပြားတွေ လုပ်ပေးတာကတော့ စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်ကြတာချည်းပဲ။ အမှန်ပြောရရင် မန္တလေးစည်ပင်က ပိုက်ဆံကို လှည့်နည်းသုံးပြီးတော့ ရှာတာဗျ။ အခုလည်း တယောက်ကို (၃,၅၀၀) ကျပ်၊ လူပေါင်း သောင်းနဲ့ချီရှိတယ်။ အလကားနေရင်း ငွေရတာပေါ့ ဗျာ” ဟု ပြောသည်။


အရောင်းအ၀ယ်မဖြစ်သည်မှာ တရုတ်ပြည်သို့ သယ်ယူသော ကျောက်မျက်များအား အဖမ်းအဆီးများ သောကြောင့်ဖြစ်ကြောင်း၊ ယင်းအတွက် ကုန်သည်များက ၀ယ်ယူရန် တွန့်ဆုတ်နေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျောက်မျက်ဈေးမှ ဈေးဝန်ထမ်းတဦးကမူ ယခုကဲ့သို့ ပွဲစားများအား မှတ်ပုံတင်ကတ် ပြုလုပ်ရခြင်းမှာ ရောင်းသူနှင့် ၀ယ်သူကြားတွင် ပွဲစားပြဿနာများ မကြာခဏဖြစ်သောကြောင့် ပွဲစားများကို မှတ်ထားရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော် ကျောက်မျက်ဈေးတွင် ရောင်းသူ၊ ၀ယ်သူ ပြဿနာဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ပွဲစားများက လိမ်လည် ခဲ့လျှင်သော် လည်းကောင်း ဖြေရှင်းပေးနိုင်ရန် ကျောက်မျက်ဈေးကော်မတီတရပ်ကို ယခင်ကတည်းက ဖွဲ့စည်းထား ကြောင်း ပွဲစားများက ပြောသည်။

“ကျောက်မျက်ကော်မတီကလည်း ပြဿနာတွေ ဖြစ်လာရင် သေသေချာချာ ရှင်းလင်းပေးနိုင်တာမျိုးမရှိဘူး။ အခု ဒီမှတ်ပုံတင် ကတ်ကို မန္တလေးစည်ပင်က လုပ်ခိုင်းတာပါ။ ပြဿနာဖြစ်လာရင်ကော စည်ပင်က ရှင်းပေးနိုင်မလား။ ပြဿနာတက်တာတွေကို လွယ်လွယ်ကူကူ ရှင်းလို့ရအောင် မှတ်ပုံတင်ကတ်တွေ လုပ်ပေးတယ်ဆိုရင် ကော်မတီက ဘာမှတာဝန်မယူတော့ဘူးလား” ဟု ၀ါရင့်ပွဲစားကြီးတဦးက ပြောသည်။

မန္တလေးကျောက်မျက်အရောင်းဈေးတွင် နေ့စဉ် အရောင်းအ၀ယ်ပြုလုပ်နေသော လူဦးရေမှာ (၃) သောင်းခန့် ရှိနေပြီး မှတ်ပုံတင် ပြုလုပ်ပြီးသည့် ပွဲစား အရေအတွက်မှာ (၃) ထောင် ကျော်ခန့် ရှိသွားပြီဟု သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */