သေနတ်သမားရန်က ရွာဥက္ကဌ လွတ်မြောက်ပြီး ဇနီးနှင့်သား ဓါးစာခံဖြစ်ခဲ့ရ

Tuesday, June 23, 2009 ·

သျှမ်းသံတော်ဆင့် | သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့နယ် မန့်ပိန်းကျေးရွာမှ ရယကဥက္ကဌ ဦးမော်ရီခမ်း၏ နေအိမ်သို့ အရပ်ဝတ် သေနတ်သမားများ ဝင်ရောက်လာကာ ၎င်း၏ ဇနီးနှင့် သားတို့အား သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၁၉) ရက်နေ့က နမ့်ဖတ်ကာအနီးရှိ မန့်ပိန်း ကျေးရွာ ဥက္ကဌ၏ နေအိမ်အတွင်းသို့ အရပ်ဝတ် သေနတ်သမား တစ်စု ဝင်ရောက် ရာတွင် ဥက္ကဌက နေအိမ်မှ ထွက်ပြေး တိမ်းရှောင် သွားသဖြင့် အိမ်တွင် ကျန်ရှိသည့် ဇနီးသည် အသက်(၄၅) အရွယ် ဒေါ်ခမ်းလှနှင့် သားတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ဒေါ်ခမ်းလှနှင့် သားဖြစ်သူမှာ သေနတ်ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ပြီး မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဇွန်လ (၂၁) ရက်နေ့က ရရှိထားသည့် သေနတ် ဒဏ်ရာဖြင့် ဒေါ်ခမ်းလှ သေဆုံး သွားခဲ့သည်။


သူတို့ နှစ်ဦး မူဆယ် ဆေးရုံသို့ တက်ရောက် လာစဉ် (၂ဝ) ရက်နေ့က အခြေအနေကို ဆေးရုံ ဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို အခုလို ပြောပြသည်။

“ သေနတ်ပစ်ခံရတဲ့ လူနာနှစ်ဦးတော့ မူဆယ်ဆေးရုံမှာ ရောက်နေတယ် မနေ့က ပစ်ခတ် ခံခဲ့ရတယ် သားအမိနှစ် ယောက် အပစ်ခံခဲ့ရတာ အမေကတော့ နံကြားထဲကနေကျည်ဆံဝင်သွားတယ် ဒဏ်ရာက ပြင်းထန်တယ် အခု ခွဲစိတ်ခန်း ထဲမှာ ခွဲစိတ်နေတုန်းပဲ သားကတော့ ပေါင်မှာမှန်တာ ” လို့ အဆိုပါ ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

ဖြစ်ပျက် ပုံကို ဒေသခံ တစ်ဦးက “ သေနတ် ကိုင်ပြီးလာတဲ့ သူတွေက ဥက္ကဌ ဦးမော်ရီခမ်း အိမ်ကိုလာပြီး သူနဲ့အရင် စကားပြောတယ် စကားပြောနေတုန်း အဲဒီလူက ထွက်ပြေး သွားတော့ သူ့မိန်းမနဲ့ သားကို တစ်ချက်စီ ပစ်သွားတာ ဖြစ်ဖြစ်ချင်းပဲ ဆေးရုံယူခဲ့တာ မနေ့ကတော့ ဒေါ်ခမ်းလှ ဆုံးသွားတယ် သူ့သားကတော့ ဆေးရုံက ဆင်းသွားပြီ” လို့ သူကပြောသည်။

ယခုလို ကျေးရွာ ရယက ဥက္ကဌ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်သွားသည့် အရပ်ဝတ် လက်နက်ကိုင် များမှာ မည်သူ မည်ဝါ ဖြစ်သည် မည်သည့် အတွက် ပစ်ခတ်သည် ဆိုသည်ကို စုံစမ်း၍ မရရှိခဲ့ပါ။

source by : သျှမ်းသံတော်ဆင့်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */